Friday, March 06, 2015

ကျောင်းသားသပိတ်ကို အင်အားသုံးမဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကေအင်န်ယူတိုက်တွန်း


ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို အကြမ်း ဖက်ဖြိုခွဲခြင်းများမပြု လုပ်ဘဲ ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင် ရွက်ပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းများအား တိုက် တွန်းလိုက်သည်။
ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ၊ပညာ ရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၊  အစိုးရ၊ လွှတ်တော်တို့၏ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှ လွှတ်တော်သို့ တင်သွင်းသော အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အပြည့်အ၀ထောက်ခံကြောင်း KNU ဗဟိုက မတ်လ ၅ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

KNU ထုတ်ပြန်ချက်တွင် မတ်လ ၃ ရက်၌ လက်ပံတန်းမြို့ အောင်မြေ ဗိမာန်ကျောင်းတိုက်မှ ငြိမ်းချမ်းစွာ ရန်ကုန်မြို့သို့ စတင်ချီတက်လာသော ဒီမိုကရေစီပညာရေးပင်မသပိတ်စစ် ကြောင်းကို လုံခြုံရေးတပ်ဖွဲ့ အင်အားသုံး တားဆီးနေမှုများ၊ အကြမ်းဖက်နှိမ်နင်းနိုင်သည့် အခြေအနေများကို တွေ့မြင်နေ ရ ကြောင်း ဖော်ပြထားသည်။

ယင်းအတွက်ကြောင့် သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲခြင်းများ မပြုလုပ်ဘဲ ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင် ရွက်ပေးရန် သက်ဆိုင်ရာအဖွဲ့ အစည်းများအား တိုက်တွန်းအပ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ကြေညာ သည်။

7Day News Journal

No comments:

Post a Comment

My Blog List