Friday, February 27, 2015

ပင်မကျောင်းသားသပိတ်စစ်ကြောင်း၌ ပါဝင်သူအများစု တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည်မဟုတ် ဟုဆို


ရန်ကုန်၊ မန္တလေး ကျောင်းသားပင်မသပိတ်စစ်ကြောင်းသည် မတ်လ ၁ ရက်နေ့မှစတင်၍ ရန်ကုန်သို့ ဆက်လက် ချီတက်မည်ဖြစ်ပြီး ပါဝင်သည့် ကျောင်းသားအများစုမှာ တက္ကသိုလ်ဝင်စာမေးပွဲကို သွားရောက်ဖြေဆိုမည် မဟုတ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ)မှ ပြောရေးဆိုခွင့်ရှိသူ ကိုသီဟ၀င်းတင်ထံမှ သိရသည်။

ဗကသဗဟို ပြန်ကြားရေးတာဝန်ခံ ကိုသီဟ၀င်းတင်က “ကျွန်တော်တို့ သပိတ်တပ်ထဲမှာရှိတဲ့ ကျောင်းသားတော် တော် များများက သပိတ်မှောက်ထားတယ်ဆိုတဲ့ အသုံးအနှုန်းအတိုင်း ပြန်ပြီး စာမေးပွဲမဖြေဖို့ များပါတယ်။ တချို့ ကျောင်း သား တွေအနေနဲ့ ပြန်မယ်ဆိုရင်လည်း တားဆီးမှာ မဟုတ်ပါဘူး။ သူတို့သဘောအတိုင်းပါ။ ဗကသအဖွဲ့ဝင်ကျောင်း သားတော် တော်များများကလည်း ပြန်မှာ မဟုတ်ပါဘူး”ဟု ပြောသည်။

သပိတ်စစ်ကြောင်းတွင်ပါဝင်သည့် ကျောင်းသားများ စာမေးပွဲမဖြေဆိုလိုက်ရသည့်အတွက် နစ်နာမှုမရှိစေရန် နောက် ဆက်တွဲ စာမေးပွဲဖြေဆိုခွင့် ရရှိရေးအတွက် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) နှင့်ပေါင်း ပြီး ပညာရေးးဝန်ကြီးဌာနနှင့် အစိုးရထံ တောင်းဆိုသွားရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့၊ အောင်မြေဗိမာန်ဘုန်းကြီးကျောင်းတွင် ရပ်နားထားသည့် ပင်မသပိတ်စစ်ကြောင်းမှာ လက်ရှိ အချိန်တွင် ကျောင်းသား ၁၂၀ ကျော်ရှိပြီး သပိတ်ပြန်လည်စတင်မည့် မတ်လ ၁ ရက်နေ့ တွင် ကျောင်းသားအရေအတွက် ၂၀၀ ၀န်းကျင်အထိ ပါဝင်လာနိုင်ကြောင်း သိရသည်။

ဗကသ၏ပြောရေးဆိုခွင့်ရှိသူ မဖြိုးဖြိုးအောင်ကလည်း “၁ ရက်နေ့မှာ သပိတ် စစ်ကြောင်းပြန်စမှာပါ။ ရန်ကုန်ကို ဘယ်အချိန်ရောက်နိုင်မလဲဆိုတာတော့ မှန်းလို့ မရသေးပါဘူး။ သပိတ်စစ်ကြောင်းမှာ အတားအဆီးတွေရှိ မှာ နဲ့ နောက်ပြီး တိုင်းနယ်စပ်မှာလည်း အခုချိန်ထိအတားအဆီးတွေက ရှိသေးတယ်ဆိုတာ ပြောမရတာ ပါ”ဟု ပြောသည်။

သပိတ်စစ်ကြောင်း ထွက်ခွာနေဆဲ အချိန်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရေးအတွက် စဉ်းစားထားကြောင်း၊ ယခု အချိန်တွင် ပြောမရသေးကြောင်း ၎င်းက ဆက်ပြောသည်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် အမျိုးသားလွှတ်တော်က မတ်လ ၅ ရက်နေ့တွင် ဆွေးနွေးမည်ဟု ထုတ်ပြန် ထားသော်လည်း တိကျသည့် ကတိ၊ တိကျသည့်ဆောင်ရွက်ပေးမှုမဟုတ်သည့်အတွက် သပိတ်စစ်ကြောင်း
ကို ရပ်တန့် မည်မဟုတ်ကြောင်း သိရသည်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို NNER နှင့် ကျောင်းသားကိုယ်စားလှယ်များကရေး ဆွဲခဲ့ပြီး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ရလဒ်အရ လွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ဥပဒေကြမ်းနှင့်ပတ်သက် ၍ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) က အချိန်ယူရေးဆွဲရန် သဘောထားထုတ် ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့၌ နိုင်ငံတော် သံဃမဟာနယကအဖွဲ့ကလည်း အကြံပြုချက် များကို နိုင်ငံတော်အစိုးရထံပေး ပို့ထားသည်။
တေဇလင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List