Tuesday, March 03, 2015

နိုင်ငံတကာသတ္တိရှင်အမျိုးသမီးဆု ဒေါ်မေစံပယ်ဖြူရရှိ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်သည့် နိုင်ငံတကာသတ္တိရှင်အမျိုးသမီး ဆု(၂၀၁၅)ကို မြန် မာနိုင်ငံမှအမျိုး သမီးအခွင့်အရေးလှုပ်ရှားဆောင်ရွက်သူဒေါ်မေစံပယ်ဖြူကရရှိသွားသည်။ဒေါ်မေစံပယ်ဖြူ သည် ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက်(GEN)၏ ညွှန်ကြားရေးမှူး နှင့် ကချင်ငြိမ်းချမ်းရေးကွန်ရက် ဦးဆောင်လှုပ်ရှားသူ တစ်ဦးလည်းဖြစ်သည်။ 


လာမည့် မတ်လ ၅ရက်တွင် အမေရိကန်ပြည်ထောင်စု၊၀ါရှင်တန်ဒီစီရှိ နိုင်ငံခြားရေးဌာန၌ The International Women Of Courage Award ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီက ချီးမြှင့်မည်ဖြစ်သည်။

‘‘ငြိမ်းချမ်းရေးဖြစ်စဉ်တစ်လျှောက်မှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့၊ ကချင်စစ်ပွဲနဲ့ ပတ်သက် တာတွေ တောက်လျှောက်မှာ သူနဲ့လက်တွဲလုပ်ခဲ့ဖူး ပါတယ်။ နောက်ပိုင်းမှာတော့ သူက အမျိုးသမီးရေးကို ပိုပြီးဦးစားပေးလာတယ်။ ’’ဟုကချင်စစ်ဘေး ရှောင်ဒုက္ခသည်စခန်းများအရေးအစဉ်တစိုက်ကူညီဆောင် ရွက်နေသူလည်းဖြစ်သူဒေါ်ဖြူအိသိမ်းက မှတ်ချက်ပေးသည်။

ဒေါ်မေစံပယ်ဖြူမှာ ထိုဆုကို ရရှိသည့် ဒုတိယမြောက်မြန်မာအမျိုးသမီးဖြစ်ပြီး ၂၀၁၂ခုနှစ်ကလူ့ အခွင့် အရေး၊အမျိုးသမီးအခွင့်အ ရေးဒီမိုကရေစီတက်ကြွလှုပ်ရှားသူ မြန်မာအမျိုးသမီးဒေါ်ဇင်မာအောင်က ပထမဆုံး ရရှိခဲ့ဖူးသည်။

နိုင်ငံတကာသတ္တိရှင်အမျိုးသမီးဆုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၀၇ခုနှစ်တွင် တည်ထောင် ခဲ့သည်။

ထို့နောက် ကမ္ဘာတစ်ဝန်းရှိအမျိုးသမီးတို့၏ ဘ၀များတွင်စွမ်းဆောင်ရည်မြှင့်တင်မှုများပြု လုပ်နေသော အမျိုး သမီးများအားနှစ်စဉ် ဂုဏ်ပြုခဲ့သည်။ အမေရိကန်သံရုံးများ၊ အစိုးရမဟုတ်သောအဖွဲ့ များမှ အမည်စာရင်းတင် သွင်းသောဆုကိုယ်စားလှယ်လောင်းများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်ခြင်းဖြစ် သည်။ ဒေါ်မေစံပယ်ဖြူအပါအ၀င် နိုင်ငံတကာမှ အမျိုးသမီးဆယ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်မည်ဖြစ်သည်။

နိုင်ငံတကာသတ္တိရှင် အမျိုးသမီးဆုရရှိသူ ဒေါ်မေစံပယ်ဖြူ (ဓာတ်ပုံ - နစ်ကီ)
7Day Daily

No comments:

Post a Comment

My Blog List