Thursday, March 05, 2015

လာမည့်ရွေးကောက်ပွဲ အမျိုးသားလွှတ်တော်အမတ်အဖြစ် ဦးအေးသာအောင် ဝင်အရွေးခံမည်


မြန်မာ့နိုင်ငံရေးလောကတွင် နိုင်ငံရေးလေ့လာသူအဖြစ်သာ ကျင်လည်ခဲ့သော ရခိုင်အမျိုးသားပါတီမှ ဦးအေး သာအောင်သည် ယခုအခါလာမည့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီကိုယ်စား ပြု အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်အမျိုးသားပါတီသည် လာမည့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိရန်အတွက် ရခိုင် တစ် ပြည်လုံးအတိုင်းအတာဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည့်အနက် ယခုအခါတွင် ရခိုင်အမျိုးသားပါတီဝင် တစ်ဦး ဖြစ်သော ဦးအေးသာအောင်ကလည်း အမျိုးသားလွှတ်တော်ကိုယ် စားလှယ် အဖြစ် ရွေးချယ်ခံတော့ မည်ဖြစ် ကြောင်း ဆုံးဖြတ်လိုက်ခြင်းဖြစ် သည်။

''အစကတော့ ရွေးကောက်ပွဲ မှာ ဝင်ရောက်အရွေးချယ်ခံဖို့ အစီအ စဉ် မရှိဘူး။ နောက်ကျတော့ ဝင်ရောက် ရွေးချယ်ခံဖို့ ပါတီဝင်တွေက တိုက် တွန်းလာကြတယ်။ ဒါနဲ့ကျွန်တော်လဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက် တာပါ'' ဟု ရခိုင်အမျိုးသားပါတီမှ ဗဟို အလုပ်အမှုဆောင် ဦးအေးသာအောင် က ပြောသည်။

ဦးအေးသာအောင်သည် လာ မည့် ရွေးကောက်ပွဲတွင် မြေပုံနှင့် မင်း ပြားမြို့နယ် မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင် ရောက် အရွေးချယ်ခံသွားမည်ဖြစ် ကြောင်း၎င်းကဆိုသည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင် တစ်ပြည်လုံးအတိုင်းအတာဖြင့် ဝင် ရောက်ယှဉ်ပြိုင် သွား မည်ဖြစ်သော ကြောင့် လက်ရှိအချိန်တွင် ပါတီကိုယ် စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းများကို ကောက် ခံနေရာမှ စာရင်းပေးသွင်း ထားသူ ၂ဝဝကျော် ရှိနေပြီဖြစ်သော ကြောင့် အပြီးသတ်လူစာရင်းရရှိရန် အတွက်လည်း ကိုယ်စားလှယ်လောင်း များကိုစိစစ်ရွေးချယ်ခြင်း လုပ်ငန်း များအား စတင်လုပ်ဆောင်နေပြီဖြစ် ကြောင်း သိရသည်။

မြေပုံနှင့်မင်းပြားမြို့နယ် မဲဆန္ဒ နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ် ထားသော ဦးအေးသာအောင်သည် ၁၉၉ဝ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ရခိုင်ဒီမိုကရေစီအ ဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များဖြင့် ဖွဲ့စည်းထားသော ညီညွတ် သောတိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ(UNFC)၊ ၈၈ ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း၊ ဒီမို ကရေစီ အင်အားစုများမှ ပုဂ္ဂိုလ်များ ဖြင့်လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်သ လို ၁၉၉ဝ အထွေထွေရွေးကောက်ပွဲ တွင်အနိုင်ရရှိခဲ့သော တိုင်းရင်းသား နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်း ထား သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)မှ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

#TheYangonTimes

No comments:

Post a Comment

My Blog List