Sunday, September 07, 2014

နိုင်ငံသား လျှောက်လွှာများ ပြည်နယ်အဆင့်မှ စိစစ်ပြီးစီး


ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားသူတွေထဲက မြို့နယ်နဲ့ ပြည်နယ်အဆင့် စိစစ် ပြီးစီးတဲ့လျှောက်လွှာ ၂၀၀ နီးပါးကို ပြည်ထောင်စုအဆင့် စီစစ်နိုင်ဖို့ ဒီနေ့ ပေးပို့လိုက်ပြီဖြစ်ကြောင်း သိရ ပါတယ်။ပြည်နယ်အဆင့် စိစစ်ရေးအဖွဲ့မှာပါတဲ့ ရခိုင်ပြည်နယ် လ.ဝ.က ညွှန်ကြားရေးမှူး ဦးခင်စိုးက အခု လိုပြောပါတယ်။

"၆ ရက်နေ့အထိပေါ့နော်၊ ၆၇၉ ဦး ပြီးပါပြီ၊ ထွေထွေနိုင်ငံသား စိစစ်ရေးအဖွဲ့ကနေ ပြီးတော့ ၁၇၀ ပြီးလို့ ကျနော်တို့ ဒါဒီနေ့ပဲ ကျနော်တို့ လ.ဝ.က ရုံးချုပ်ကိုပို့လိုက်ပါပြီ၊ တကယ်တော့ ကျနော်တို့ စစ်ပြီးတော့မှ ၇၈၀ ကိုလည်း ဒီလမကုန်ခင်မှာ ကျနော် တို့ အပြီးလုပ်သွားမှာပါ"

မြေပုံမြို့နယ်မှာ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားသူ မွတ်စလင် ၁၀၀၀ ကျော်ရှိ တယ်လို့ သိရပါတယ်။

မြေပုံမြို့နယ်မှာ စမ်းသပ်ဧရိယာအဖြစ် ဆောင်ရွက်နေတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စိစစ်ဆောင် ရွက်ခြင်း လုပ်ငန်းတွေကို လာမယ့် နိုဝင်ဘာလမတိုင်ခင် အပြီးစိစစ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List