Monday, September 08, 2014

လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့ ရွှေရတုအကြို တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ရွှေရတုပွဲအား လာမည့်ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်သွားမည်


လူရည်ချွန်(၁၉၆၄-၈၈) အဖွဲ့ ရွှေရတုအကြို တွေ့ဆုံပွဲအား စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီခန့်တွင် ရန်ကုန်မြို့၊ ဆေးတက္ကသိုလ် (၁) ၌ ပြုလုပ်ခဲ့သည်။ အဆိုပါပွဲတွင် လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြာခဲ့ပြီး အတွင်းရေးမှူး ဦးကျော်ဌေးကလည်း အဖွဲ့၏ ရှစ်လတာဆောင်ရွက်ခဲ့သည့် လုပ်ဆောင်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လွန်ခဲ့သည့် သြဂုတ်လအတွင်းက လှိုင်သာယာမြို့နယ်၊ အောင်ဇေယျမြို့တော်တွင် ဖွင့်လှစ် ထားသည့် ကုသိုလ်ဖြစ်ဆေးခန်းအကြောင်း၊ ဆေးကုမှုပေးနေသည့်အပိုင်း၊ ဆေးခန်းအားတို့ချဲ့သွားမည့် အစီအစဉ်များကို တွဲဖက်အတွင်းရေးမှူး(၁) ဦးဝင်းအောင်နှင့် ဆေးခန်းတာဝန်ခံ ဒေါက်တာခင်မောင်ထွေး တို့မှ ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် အဆိုပါပွဲသို့ တက်ရောက်လာသော လူရည်ချွန်များက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြား ခဲ့ကြပြီး ၎င်းတို့အား ရွှေတုရပွဲကျင်းပမည့်ရက်ကို မဲပေးဆုံးဖြတ်စေခဲ့ပြီး ဆုံးဖြတ်ချက်များအရ လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကျင်းပမည့်နေရာကိုလည်း အဖွဲ့တာဝန်ရှိ သူများက ရွေးချယ်ဆုံးဖြတ် ကြေညာပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

လူရည်ချွန်(၁၉၆၄-၈၈) အဖွဲ့မှ သြဂုတ် ၁၇ ရက် နံနက် ၁၀ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ အောင်ဇေယျမြို့တော်၊ ကျန်စစ်သားလမ်းတွင် ဖွင့်လှစ်ခဲ့သည့် အထွေထွေရောဂါကု ကုသိုလ်ဖြစ်ဆေးခန်း တွင် လက်ရှိအချိန်၌ တစ်ပတ်လျှင် ၅ ရက် အထူးကုဆရာဝန်များ၊ ဆရာဝန်များက ဆေးခန်းထိုင်ကာ စမ်းသပ်ကုသပေးပြီဖြစ်ကြောင်းလည်း အတွင်းရေးမှူးဦးကျော်ဌေးက ရှင်းပြပြောကြားခဲ့သည်။

ယင်းနောက်တွင် လူရည်ချွန်အဖွဲ့၏ ဘဏ္ဍာရေးမှူးဖြစ်သူ ဒေါ်သူဇာရှိန်မှ ဆောင်ရွက်ရာတွင် ကုန်ကျခဲ့သည့် ငွေကြေးအပိုင်းနှင့် အခြားငွေကြေးကိစ္စများကို ရှင်းလင်းတင်ပြခဲ့ပြီး ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်းကပင် နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး မွန်းလွဲ ၁၂ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

ယင်းသို့ လူရည်ချွန် ဗဟိုအလုပ်အမှုဆောင် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ (၁၉၆၄-၈၈) အတွင်း ရွေးချယ်ခံရသော လူရည်ချွန်၊ သင်္ချာလူရည်ချွန်အားလုံး ပြန်လည်စုစည်းရန်ဖြစ်ပြီး နိုင်ငံနှင့်လူမျိုးအတွက် အကျိုးပြုသော ပညာရှင်အင်အားစု (Think Tank)အဖြစ် ရပ်တည်နိုင်ရေးအတွက်ဖြစ်ကြောင်း သိရှိရသည်။

ငွေကြေးများလှူဒါန်းလိုပါက အလုပ်အမှုဆောင်ရုံးခန်းဖြစ်သည့် ရုံးခန်း (၃၃/၃၇)၊ အခန်း ၇ (လေးလွှာ)၊ ၂ လမ်း၊ ၁ ရပ်ကွက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၉-၃၃၂၁၀၆၁၁ သို့ ဆက်သွယ်လှူဒါန်းနိုင် ကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List