Monday, December 29, 2014

ရွေးကောက်ပွဲများတွင် ဆရာမများအား လုပ်အားပေးလုပ်စေခြင်းကို ကန့်ကွက်မည်


ရွေးကောက်ပွဲများတွင် ဆရာ၊ ဆရာမများကို လုပ်အား ပေးအဖြစ် ခန့်အပ်ချထားစေခဲ့မှုများကို ကန့်ကွက် သွားမည်ဟုရန် ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာညိုညို သင်းကပြောသည်။ဆရာ၊ဆရာမများမှာ ရွေး ကောက်ပွဲလုပ်ငန်းစဉ်နှင့် အကျွမ်းဝင်မှုအားနည်းပြီး အာဏာပိုင်များ ကပြီးခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် ၎င်းတို့ကို လက်ကိုင်တုတ် သဖွယ်အသုံးချမှုများရှိခဲ့သည့်အတွက် တာဝန်ပေး အပ်ခြင်း ကိုပြင်ဆင်ပြောင်းလဲသင့်သည်ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

‘‘ဒီရွေးကောက်ပွဲမှာ ဆရာမတွေကို တာဝန်ချထားပြီး အာဏာပိုင်တွေက စိတ်ကြိုက်အသုံးချတာတွေ၊ ဆရာတွေ့ရတော့ စိတ်မကောင်းဘူး။ လာမယ့်ရွေးကောက်ပွဲတွေမှာဒါမျိုးမဖြစ်ရအောင် ကျွန်မအနေ နဲ့ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမယ်’’ ၎င်းကပြောသည်။

ရွေးကောက်ပွဲရက်တွင် မဲရုံ စောင့်ကိုယ်စားလှယ်များအား ဟန့်တားကန့်သတ်ခြင်း၊မဲစာရင်း ရေတွက်မှုတွင် ထင်သာမြင်သာရှိ စွာလုပ်ဆောင်ခြင်းမရှိသည့်ဖြစ် စဉ်အချို့အပါအ၀င်ရွေးကောက် ပွဲနည်းဥပဒေပါ အချက်နှင့်မဲရုံအ တွက်တရားဝင်စည်းကမ်းချက် များအား ကျော်လွန်ပြီးပြောဆို ဟန့်တားမှုများကြောင့် အဆိုပါ ရပ်ကွက်တွင် တာဝန်ယူခဲ့သော ကျောင်းဆရာမများအပေါ် ဝေဖန် အပြစ်တင်မှုများရှိခဲ့သည်။

ထိုသို့ရွေးကောက်ပွဲများ တွင် ဆရာမများအား တာဝန်ပေး ခဲ့ကြောင်း အာဏာပိုင်များ၏ ၀င် ရောက်စွက် ဖက်မှုမှတစ်ဆင့် လွဲ မှားမှုများရှိလာပါက ဆရာ၊ဆရာ မများ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက် လာနိုင်သဖြင့် အခြားသူများကိုသာ တာဝန်ပေးသင့်ကြောင်း ရွေး ကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့မှ ကိုသူရအောင်ကပြော သည်။

တက်ကြွလှုပ်ရှားသူများအ ဖြစ်မှ စည်ပင်ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ခဲ့သူ အချို့က လည်း တာဝန်ကျ ဆရာမများ၏ လုပ်ဆောင်ချက်မှာ အုပ်ချုပ်ရေး ပိုင်းများ၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်နေရသည့် သဘောရှိပြီးဘက်လိုက်မှုဟုယူ ဆနိုင်သောလုပ်ဆောင်ချက်များ ကို တွေ့မြင်ခဲ့ရသည်ဟုဆိုသည်။

ရွေးကောက်ပွဲနေ့၌ အာဏာပိုင်များရှေ့တွင် ဆက်ဆံမှုပုံစံ ပြောင်းလဲပြီးလေသံများတင်းမာ စွာဆက်ဆံပြော ဆိုမှုကို ကိုယ်တိုင်ကြုံ့တွေ့ခဲ့ရသောကြောင့် အံ့သြမိကြောင်းဒေါက်တာညိုညိုသင်းကပြောသည်။

‘‘သူတို့လုပ်ငန်းမကျွမ်းကျင် တာကြောင့်အပြင် ရွေးကောက်ပွဲ မှာ တစ်ခုခုမှား ယွင်းရင်သူတို့အ လုပ်ကိုပါ လာပြီးသက်ရောက် ဒုက္ခရောက်မှာ စိုးလို့အားထုတ်မှု ပိုတယ်လို့တော့ ယူဆရတယ်’’ဟု အငြိမ်းစားကျောင်း အုပ်ဆရာမ ဒေါ်ငြိမ်းဝေ ကပြောသည်။

ရန်ကုန်စည်ပင်ရွေးကောက် ပွဲအတွက် အခြေခံပညာကျောင်း များမှ ဆရာမတစ်ထောင်ကျော်ကို လုပ်အားပေးခေါ်ယူခဲ့သည်။ ပြီးခဲ့သည့် ပါတီစုံရွေးကောက်ပွဲနှစ်ကြိမ်တွင်လည်း ဆရာမများကိုသာ မဲရုံကိုယ်စားလှယ် များအဖြစ်ခန့်ထားခဲ့ပြီးယခု ကဲ့သို့ ဝေဖန်မှုများမရှိခဲ့ပေ။

ဆရာမများအား ရွေးကောက်ပွဲများတွင် တာဝန်ချထား ပေးမှုကို ပြင်ဆင်ပြီးအရပ် ဖက်အဖွဲ့များမှ ရွေးချယ်ခေါ် ယူကာသင် တန်းများစနစ်တကျပေးပြီး ခန့်အပ်ချထားရေးကိုတိုက်တွန်းမှု များလုပ်သွားမည်ဟု ဒေါက်တာ ညိုညိုသင်း ကပြောသည်။

စည်ပင်ရွေးကောက်ပွဲနေ့က ကျောင်းဆရာမများရွေးကောက်ပွဲတာဝန်ဆောင် ရွက်နေစဉ်(ဓာတ်ပုံ - နစ်ကီ)
7Day Daily

No comments:

Post a Comment

My Blog List