Tuesday, December 30, 2014

ဝမ်ပေါင်မှ ခြံစည်းရိုးခတ်အပြီး တစ်ပတ်ခန့်အကြာတွင် ဒေသခံများက ခြံစည်းရိုးကိုဖျက်၍ သပိတ်စခန်းဖွင့် ဆန္ဒပြ





စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံ ကိန်းတွင် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ခြံစည်းရိုး တိုးချဲ့ခတ်ယူထားမှုများကို ဒေသခံများက ဖယ်ရှား၍ သပိတ် စခန်းဖွင့် လိုက်ကြောင်း သိရသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပဋိပက္ခဖြစ်ပွားပြီး တစ်ပတ်ခန့်အကြာတွင် ဒေသခံများက အဆိုပါ ခြံစည်းရိုး တိုးချဲ့ခတ်ယူထားမှုကို ဖယ်ရှား၍ ဆည်တဲကျေးရွာ နှင့် တုံကျေးရွာရှိ ဒေသခံများက အဆိုပါခြံ စည်းရိုးခတ်ထားမှုကို ဖယ်ရှား၍ ၎င်းတို့၏ နေရာများပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့်၍ ဆန္ဒပြတောင်း ဆိုမှုများ ဒီဇင် ဘာ ၂၉ ရက် မွန်းလွဲပိုင်းမှစ၍ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေး အတွက် ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မွန်းလွဲ ၂ နာရီခန့်တွင် ဆည်တဲကျေးရွာအနီးရှိ ခြံစည်းရိုး တိုးချဲ့ခတ်ထားမှုအား ဒေသခံတောင်သူများက ဖယ်ရှားခဲ့ကြောင်း သိရသည်။

ယင်းသို့ ခြံစည်းရိုးခတ်ထားမှုများ ဖယ်ရှားလိုက်ခြင်းကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ များက သေနတ်ပစ်ဖောက်၍ သတိပေးမှုများ ပြုလုပ်ခဲ့သည်။ ခြံစည်းရိုးခတ် ထားမှုကိုဖယ်ရှား၍ သပိတ်စခန်းဖွင့် တောင်းဆိုမှုများကို ဆက်တိုက်ပြုလုပ်သွား မည်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ ယင်းနောက် တုံကျေးရွာအနီး တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးတိုးချဲ့ခတ်ထား မှုကို ဒေသခံတောင်သူများက ဖယ်ရှားမှုများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။

“ကျွန်မတို့ယာမြေတွေကို ပြန်ရဖို့အတွက် ခြံစည်းရိုးခတ်ထားတာတွေကို ဖယ်ရှားပြီး မြေယာတွေကို ပြန်ယူတာဖြစ်ပါတယ်။ ကျွန်မတို့ တောင်သူတွေတောင်းဆိုချက်တွေအားလုံးကို မရမချင်း သပိတ်စခန်းများ ဖွင့်ပြီး ဆန္ဒပြတောင်းဆိုမှုတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု ဆည်တဲကျေးရွာမှ ဒေသခံတောင်သူ တစ်ဦးက ပြောကြားသည်။

ယင်းသို့ ခြံစည်းရိုးခတ်ထားမှုများကို ဒေသခံများက ဖယ်ရှားမှုနှင့်ပတ်သက်၍ ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး က “ခြံစည်းရိုးခတ်ထားတွေကို ဖျက်ဆီးတာ နဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က အမှုဖွင့်လာမယ်ဆိုရင်တော့ အမှုလက်ခံပေးရမှာ ဖြစ်ပါတယ်။ ခြံစည်းရိုးခတ်ထားတာကို ဖျက်ဆီးတာနဲ့ ပတ်သက်ပြီး ပြန်လည်ပြီးတော့ ခြံစည်းရိုးကာရံမှုတွေကို ဆက်လုပ်သွားမှာမဟုတ်ပါဘူး။ သပိတ်စခန်းဖွင့် ဆန္ဒပြတာတွေကို အကြမ်း ဖက်ဖြိုခွင်းသွားမှာလည်း မဟုတ်ပါဘူး” ဟု ပြောကြားသည်။

နှစ်ရက်ကြာဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင်ပဋိပက္ခတွင် လူသေဆုံးမှု၊ ဒဏ်ရာအများအပြားရရှိမှု၊ ကုမ္ပဏီဘက်မှ ခြံစည်းရိုးတိုးချဲ့ခတ်မှုများကြောင့် မြေယာများ ဒေသခံများဘက်မှ ဆုံးရှုံးခဲ့ရသည်။ အဆိုပါမြေယာများမှာ ဒေသခံ များက မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးများ တစ်စုံတစ်ရာရယူ ထားခြင်း မရှိကြောင်း ဒေသခံများ က ပြောကြားသည်။

ဒီဇင်ဘာ ၂၉ ရက်တွင် ဒေသခံများက သပိတ်စခန်းဖွင့်ဆန္ဒပြမှုကို ဆက်လက်ပြု လုပ်သွားမည်ဖြစ်ပြီး ၎င်းတို့၏ တောင်းဆိုမှုများ မရမချင်း ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment

My Blog List