Monday, December 29, 2014

လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းနိုင်မည်မဟုတ်ဟု ၀န်ကြီးဦးအောင်မင်းပြော


ပစ်ခတ်တိုက်ခိုက်မှုများကို ယာယီရပ်စဲသည့်အဆင့်မှ ခိုင်ခံ့သော အပစ်အခတ် ရပ်စဲရေးဖြစ်စေရန် တစ် နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက် မူကြမ်းပါအချက်များကို နှစ်ဖက်စလုံးက အမြန်ဆုံး နိဂုံးချုပ် အကောင်အထည် ဖော်နိုင်ရန် အရေးကြီးကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ကပြောသည်။

“အပစ်အခတ်ရပ်စဲရေးကို အောင် မြင်အောင် လုပ်နိုင်ရုံနဲ့လည်း မြန်မာ ပြည်ရဲ့ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ မြန်မာ နိုင်ငံရဲ့ တိုင်းရင်းသားအားလုံး အေး အတူပူအမျှ လက်တွဲနေနိုင်မယ့် ဖက်ဒရယ် စနစ်တစ်ခုကို အဖြေရှာနိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပနိုင်ဖို့ အရေးကြီး ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက ပြောသည်။

လက်ရှိတွင် သဘောတူပြီးသား အချက်များထဲမှ နိုင်ငံရေးဆွေးနွေး ပွဲများကျင်းပ ရန်၊ နိုင်ငံရေး ဆွေးနွေး ပွဲများ ပူးတွဲ ကမကထပြုရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေး မှု ကော်မတီ ဖွဲ့စည်းရန်လည်း သ ဘောတူညီ ထားပြီး ဖြစ် သည်ဟု ဦး အောင်မင်းက ပြောသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများ၌ လက်ရှိအ ချိန်အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိနေသော်လည်း ၂၀၁၄ ခုနှစ်သည် လွတ်လပ်ရေးရပြီးနောက် ပိုင်း လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံးနှစ်ဖြစ် သည်ဟုလည်း ဦး အောင်မင်းက ဆိုသည်။

ယခင်က ပြည်နယ်နှင့် တိုင်းဒေသ ကြီး ဆယ်ခုတွင် လက်နက်ကိုင် တိုက်ပွဲများရှိ ခဲ့ကြောင်း၊ ယခုအချိန်တွင် ကချင်ပြည် နယ်နှင့် ရှမ်းမြောက် ဒေသများတွင် တိုက်ပွဲများ ဆက်ရှိ နေသည်ကိုတွေ့ရကြောင်း၊ ကျန်ဒေ သအများစုတွင် တစ်ခါ တစ်ရံမှသာ အသေးစားထိတွေ့မှုများ ရှိခဲ့ကြောင်း ၎င်းကဆိုသည်။


“၂၀၁၄ ခုနှစ်ဟာ လွတ်လပ်ရေး ရပြီးတဲ့ အချိန်ကနေပြီး အခုအထိ လက်နက်ကိုင် တိုက်ပွဲ အနည်းဆုံးနှစ်လို့ ပြောလို့ရ ပါတယ်။ တိုက်ပွဲဖြစ်တဲ့ အကြိမ်အရေအတွက်အရရော ထိ ခိုက်ကျဆုံးမှုအရရော ပြည်သူလူထု ရဲ့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှု တွေ အရရော နှိုင်းယှဉ်ကြည့်မယ်ဆို ရင် လက်နက်ကိုင်ပဋိပက္ခ အနည်း ဆုံးကာလလို့ သုံးသပ်လို့ရပါတယ်” ဦးအောင်မင်း က ပြောသည်။


နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်ဆိုသည့်မူ ကို အခြေခံပြီး ငြိမ်းချမ်းရေး ညီလာခံကြီးမှ ပြည်တွင်း ငြိမ်းချမ်းရေးသာမကဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးကြ မည်ဖြစ်ခြင်းကြောင့် ပင်လုံ ညီလာခံ ကြီးကဲ့သို့ အရေးပါသည့် ခေတ်သစ် မြန်မာနိုင်ငံအတွက် ဦးတည်သော ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်လာ
မည်ဖြစ်ကြောင်း ဦးအောင်မင်းက ဆက်လက်ပြောကြားခဲ့သည်။


ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List