Wednesday, December 31, 2014

အီရန်တွင် အမေရိကန် သံရုံး ပြန်ဖွင့်ရေး ကိစ္စ အဆင်သင့် မဖြစ်သေးဟု အိုဘားမားပြော


အီရန်၏ နျူကလီးယား မူဝါဒနှင့် ပတ်သက်၍ ကွဲပြားမှု များစွာ ရှိနေသေး သောကြောင့် အမေရိကန် အနေဖြင့် အီရန်တွင် သံရုံးသစ် ပြန်ဖွင့်လှစ်ရေး ကိစ္စမှာ အဆင့်သင့် မဖြစ်နိုင် သေးကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောကြား လိုက်သည်။

ဘယ်တော့မှ မဖွင့်ဘူး လို့တော့ ကျွန်တော် ဘယ်တော့မှ မပြောဖူးပါဘူး။ ဒါပေမဲ့ ဒီကိစ္စတွေက တစ်ဆင့် ချင်းသွားရမယ့် ကိစ္စတွေ ဖြစ်ပါတယ် ဟု နေရှင်နယ် ပတ်ဘလစ် ရေဒီယိုနှင့် ပြုလုပ်သည့် အင်တာဗျုးတွင် အိုဘားမားက ပြောသည်။ ဆက်လက်၍ ၎င်းက ကျူးဘားနှင့် သံတမန် ဆက်သွယ်မှု ပြန်စမည့် ကိစ္စကို လည်း နှိုင်းယှဉ် ပြောကြားသည်။

ကျူးဘားက နှစ် (၅၀) လောက် ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ခုထဲ ကိုပဲ ထပ်ကာ ထပ်ကာ လုပ်ခဲ့တာပါ။ အဲဒီမှာလည်း ဘာ အပြောင်းအလဲမှ ဖြစ်မလာပါဘူး။ ဒီတော့ မေးစရာ ဖြစ်လာတာ ကျွန်တော် တို့ကိုရော၊ မဟာမိတ်တွေကို ထူးခြားတဲ့ ခြိမ်းခြောက်မှု မပေးနိုင်တဲ့ နိုင်ငံငယ် လေးတစ်ခုနဲ့ ပတ်သက်လို့ ကွဲပြား ခြားနား တာတစ်ခု လုပ်မလား ဆိုပြီး မေးလာခဲ့ကြတာပါဟု အိုဘားမားက ဆိုသည်။ 

၎င်းက အီရန်မှာမူ နိုင်ငံကြီး တစ်ခု ဖြစ်ပြီး နိုင်ငံတော်မှ ထောက်ပံ့ အားပေးသည့် အကြမ်းဖက် ၀ါဒ လှုပ်ရှားမှု မှတ်တမ်းလည်း ရှိဖူးကြောင်း၊ အီရန်နှင့် ဆက်ဆံရေး ပြန်စ နိုင်ရန်မှာ  နျူ ဆွေးနွေးပွဲတွင် ထိပ်သီး ခြောက်နိုင်ငံနှင့် တီဟီရန်တို့ကြား ဆွေးနွေးပွဲ ရလဒ် ကလည်း မူတည် နေကြောင်း ဆိုသည်။

အီရန်နှင့် ထိပ်သီး နိုင်ငံများကြား ဆွေးနွေးပွဲ နောက်ဆုံး သတ်မှတ်ရက်မှာ နိုဝင်ဘာ (၂၄) တွင် ကျော် လွန်သွား ပြီးနောက် လာမည့် ဇူလိုင် (၁) ရက်နေ့ အထိ ထပ်တိုး ညှိနှိုင်းရန် သတ်မှတ်ထား ကြသည်။ 

အိုဘားမားသည် ကျူးဘားတွင် အမေရိကန် သံရုံး ပြန်ဖွင့်မည့် ကိစ္စကိုမူ ဒီဇင်ဘာ (၁၇) ကပင် ကြေညာခဲ့ခြင်း ဖြစ်သည်။                

Source:AFP
messengernewsjournal

No comments:

Post a Comment

My Blog List