Wednesday, December 31, 2014

စည်ပင်ရွေးကောက်ပွဲကုန်ကျစရိတ် အသေးစိတ်ထုတ်ပြန်မည်မဟုတ်ဟုဆို



စည်ပင်ရွေးကောက်ပွဲ ကုန်ကျစရိတ် အသေးစိတ်ကို ထုတ်ပြန်ပေးနိုင်မည် မဟုတ် ကြောင်း သတင်းရရှိသည်။ ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၇ ရက်ကပြုလုပ်ခဲ့ပြီးသော်လည်း သုံးစွဲမှုကုန်ကျစရိတ်ကို ထုတ်ပြန်ရန် လိုအပ်မည်မဟုတ်ဟု စည်ပင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ရုံးတာဝန်ခံ ဦးဇင်မင်းလှိုင်က ပြောသည်။
‘‘ဘဏ္ဍာရေးအခြေအနေ ဆောင်ရွက်ခဲ့တဲ့ကိစ္စကို အတိအ ကျထုတ်ပြန်စရာ အကြောင်းမရှိ ဘူးထင်တယ်။ ဘယ်မှာဘယ် လောက်ကုန်တယ်ဆိုတာထုတ် ပြန်တော့ကော ဘာအကျိုးရှိမှာမို့ လို့လဲ’’ဟု ဦးဇင်မင်းလှိုင်က ဒီဇင် ဘာ ၂၉ရက်တွင် ရွေးကောက်ပွဲအ နိုင်ရရှိသူစာရင်းထုတ်ပြန်စဉ်သတင်းထောက် များမေးမြန်းချက် ကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအနေဖြင့် အဆိုပါရွေးကောက် ပွဲအတွက် သုံးစွဲရန်ကျပ်သိန်းငါးထောင်ချ ထားပေးခဲ့သည်။ ရွေးကောက်ပွဲ ပြုလုပ်ရန် တစ်ရက်အလိုအထိ ကော်မရှင်က အဆိုပါရွေးကောက်ပွဲအတွက် ကျပ်သိန်း သုံးထောင်ကျော်သုံးစွဲထားပြီးဖြစ်သည်ဟု ထုတ်ဖော်ပြောကြား ထားပြီး ရွေးကောက်ပွဲပြီးနောက် အပြီးသတ်သုံးစွဲခဲ့မှုစရိတ် ထုတ်ပြန်မှု မလုပ်နိုင်သေးခြင်းဖြစ်သည်။

ရန်ကုန်စည်ပင်သာယာရွေး ကောက်ပွဲအတွက် သုံးစွဲရန်ချ ထားပေးသော ကုန်ကျစရိတ်မှာ နည်းပါးသည်ဟုဆိုနိုင်သော် လည်းပြည်သူ့ငွေများဖြစ်သည့် အတွက် မဖြစ်မနေ အသေးစိတ်ထုတ်ပြန်ကြေညာပေးသွားရန် တာဝန် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ ညိုညိုသင်းက ပြောသည်။

‘‘ဒီနေ့ ကျွန်မစည်ပင်ကလုပ် တဲ့အစည်းအဝေးတစ်ခုကို တက် ခဲ့တုန်းကလည်း ဒီရွေးကောက်ပွဲ ကုန်ကျစရိတ်ထုတ်ပြန်ပေး ဖို့ပြော ခဲ့တာရှိတယ်။ သူတို့ဘက်က တော့ ဘာမှပြန်မပြောဘူး။ ပြည် သူ့ပိုက်ဆံဆိုတာ တစ်ကျပ်ပဲဖြစ် ဖြစ် တစ်ရာပဲ ဖြစ်ဖြစ်အလေးထား ရမယ်’’ဟု ၎င်းကပြောသည်။

အဆိုပါရွေးကောက်ပွဲတွင် မဲရုံတာဝန်ကျသူဆရာမများနှင့် ကော်မရှင်အဖွဲ့ခွဲများအတွက်နေ့ တွက်စရိတ်များ တစ်ရက်လျှင် သုံးထောင်ကျပ်နှုန်းဖြင့် ပေးချေခဲ့ ရပြီး မဲပုံးနှင့်အခြားရုံးစရိတ်များအ တွက် ကုန်ကျစရိတ်များလည်းရှိ ကြောင်းသိရသည်။

ရွေးကောက်ပွဲတွင်လုပ်အား ပေးအဖြစ်ပါဝင်ဆောင်ရွက်သော ကော်မရှင်ခွဲများ ကျောင်းဆရာမ များအတွက် နေ့တွက် စရိတ်ပေး ချေခဲ့ရသည့် ငွေပမာဏမှာ ကျပ်သိန်းနှစ်ထောင်ခန့်ရှိကြောင်း မူလထုတ်ဖော်ပြောကြားချက်များအရ သိရသည်။

7Day News Journal

No comments:

Post a Comment

My Blog List