Monday, December 29, 2014

ဘဂ္ဂဒက်မြောက်ပိုင်းရှိ အချက်အခြာကျသော မြို့တစ်မြို့မှ IS တပ်များကို အီရတ်စစ်တပ် တိုက်ထုတ်


ဘဂ္ဂဒက်မြို့တော် မြောက်ဘက်ရှိ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွများ သိမ်းယူထားရာ မြို့တစ် မြို့ကို အီရတ်တပ်ဖွဲ့များက စတင်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ကာ့ဒ် ပြောက်ကျား တပ်ဖွဲ့များ၏ အကူအညီနှင့်အတူ အီရတ် စစ်တပ်များက ဒူလိုင်ယာမြို့ကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း စစ်ဘက်တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဒူလိုင်ယာမြို့ကို အောက်တိုဘာလ အတွင်းက အီရတ်စစ်တပ်များ သိမ်းယူနိုင်ခဲ့သော်လည်း နောက်ပိုင်း တွင် IS တပ်များက တန်ပြန်ထိုးစစ်ဆင်ကာ တစ်ကျော့ပြန် သိမ်းယူခဲ့သည်။ ဒူလိုင်ယာမြို့ တောင်ပိုင်းတွင် နေထိုင်သည့် ဆွန်နီ အစ္စလာမ်ဘာသာဝင် အချို့အတွက်မူ ပြီးခဲ့သည့် (၆)လမျှအတွင်း တိုက်ပွဲများကြား ဆက်တိုက်လိုလို ကျရောက်နေခဲ့ခြင်း ဖြစ်သည်။

အီရတ်တပ်များသည် ဒီဇင်ဘာ ၂၆ ရက်က မြို့ပြင်ရှိ IS လုံခြုံရေးစခန်း အချို့ကို စတင်တိုက်ခိုက်ခဲ့ပြီး ထို့နောက်တွင်မူ ဒူလိုင်ယာ တောင်ပိုင်းရှိ ရွာများကို ဆက်တိုက် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၈ ရက်တွင်မူ လေကြောင်းပစ်ကူပေးမှုများနှင့်အတူ မြို့ပြင်ရှိ လေဆိပ်ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။

“အီရတ်တပ်ဖွဲ့တွေဟာ ဒူလိုင်ယာကို စတင်ဝင်ရောက်နေပါပြီ။ သိမ်းယူထားတဲ့ နေရာတွေကိုလည်း တပ်ကူတွေဖြည့်ပြီး စောင့်ရှောက်ထားပါတယ်”ဟု စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက AFP သို့ အတည်ပြုပြောကြားခဲ့သည်။ သို့သော်လည်း လက်ဖြောင့်တပ်သား စနိုက်ပါများ၏ ချောင်းမြောင်းပစ်ခတ် မှုနှင့် မြေမြှုပ်မိုင်းများကို သတိကြီးစွာ ရှောင်တိမ်းနေရသဖြင့် ထိုးစစ်အရှိန်ကို လျင်လျင်မြန်မြန် မြှင့်တင်နိုင် စွမ်း မရှိကြောင်း ၎င်းက ဝန်ခံခဲ့သည်။

လတ်တလောတွင် အီရတ်တပ်များသည် IS စစ်သွေးကြွများကို မြို့အတွင်းမှ ဆုတ်ခွာရန် ဖိအားပေး တိုက် ခိုက်နေဆဲဖြစ်သည်။ 

ဒူလိုင်ယာသည် အရှေ့ပိုင်းဒေသ ဒိုင်ယာလာနှင့် ဆာလာဟက်ဒင်သို့ ဆက်သွယ်သော လမ်းကြောင်းပေါ် တွင် တည်ရှိပြီး မဟာဗျူဟာအရ အရေးပါသည့် နေရာတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။

Ref: Channelnewsasia
7Day News Journal

No comments:

Post a Comment

My Blog List