Wednesday, December 31, 2014

နိုင်ငံ့ဝန်ထမ်းများ အဂတိတရားကင်းရှင်းရေးမှာ ဂုဏ်သိက္ခာနှင့်လျော်ညီသော လစာချီးမြှင့်ငွေများရရှိရန် လိုအပ်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းပြော


မြန်မာ နိုင်ငံတွင် ကောင်းမွန်သောအုပ်ချုပ် ရေး၊ သန့်ရှင်းသောအစိုးရဖြစ် စေရေးမှာ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အဂတိ တရားကင်းရှင်းရန်လိုအပ်ပြီး ယင်း အတွက်ကိုလည်း ဂုဏ်သိက္ခာနှင့်လျော် ညီသော လစာချီးမြှင့်ငွေများ ရရှိရန် လိုအပ်ကြောင်း ပြည်ထောင်စု လွှတ် တော်နာယကသူရဦးရွှေမန်း ကပြော ကြားသည်။

အဆိုပါအောက်ခြေဝန်ထမ်းများအပြင် ပြည်ထောင်စုအဆင့်ဖြစ်သည့် နိုင်ငံရေးအာဏာကိုရယူပြီး ဆောင် ရွက်နေသည့် နိုင်ငံရေးသမား များအနေဖြင့် လည်း အဂတိတရား ကင်းရှင်းရန်လိုအပ်ကာ ဦးဆောင်သည့် နိုင်ငံရေးသမားများက အဂတိတရားမကင်းရှင်းပါက အခြားအဖွဲ့ အစည်းများအတွက် မကောင်းနိုင် ကြောင်း ယင်းက ပြောသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ အစည်းများ နှင့်တွေ့ဆုံပွဲတွင် ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

''သမ္မတက သိန်းငါးဆယ်ရယူထားတယ်။ သာမန်အားဖြင့်ပြောရင် သမ္မတကြီး ရဲ့ သိန်းငါးဆယ်က တစ်အားများတယ်လို့ ပြောလို့ရတယ်။ သိန်းငါးဆယ်ပေးထားခြင်းဟာ အဂတိတရားကင်းဖို့အတွက် လမ်းခင်းပေး ထားခြင်းပဲ ဖြစ်ပါတယ်။ မချမ်းသာ ပေမယ့် ဒီလောက်တော့ပေး ရမယ်။ ဒါမှနိုင်ငံ့အရေးကို စေတနာ ပါပါ သစ္စာရှိရှိနဲ့လုပ်နိုင်မယ်''ဟု သူရဦးရွှေ မန်းက ပြောသည်။

မကြာသေးခင်က ပြည်ထောင် စုလွှတ်တော်တွင် တင်သွင်းခဲ့သည့် အရေးကြီးအဆိုတွင်လည်း ယင်း ကိစ္စရပ်များပါဝင်ကြောင်း၊ မြန်မာ နိုင်ငံတွင် ကောင်းမွန်သောအုပ်ချုပ် ရေးသန့်ရှင်းသော အစိုးရ ဖြစ်စေရန် မဖြစ်မနေလုပ်ရမည့်လုပ်ငန်းများမှာ နိုင်ငံ့ဝန်ထမ်းများ ကိုယ့်ဂုဏ်ကိုယ့် သိက္ခာနှင့်အညီ နေထိုင်စားသောက် နိုင်မည့် လစာချီးမြှင့်ငွေရရှိရေးပင်ဖြစ် ကြောင်းပြော ကြားခဲ့ သည်။

''ဝန်ထမ်းတွေက ကိုယ့်ဂုဏ်သိက္ခာ နဲ့လျော်ညီ တဲ့လစာမရဘူးဆိုရင် မိမိ ရဲ့ အလုပ်ကိုစိတ်မဝင်စားတော့ဘဲ မိမိရဲ့ ဘဝရှင်သန်ရေး၊ စားဝတ်နေရေး အတွက် ကြိုးစားရုန်းကန်ရလိမ့်မယ်။ ဒါဆို ဌာန အတွင်းမှာမလုပ်ဘဲ အပြင် ထွက်လုပ်ရမယ်။ ဌာနအတွင်းမှာ လုပ် မယ်ဆိုရင် ဒီနေ့ပြောပြောနေ တဲ့ ခြ စားတာတွေ၊ အဂတိ တရားတွေ ကျွန် တော်တို့ဝန်ထမ်းတွေမှာသွားပြီးထိ မယ်'' ဟုသူရ ဦးရွှေမန်း ကပြောသည်။

ထိုကဲ့သို့ အဂတိ ဟုဆိုလိုက်ပါ က အခြားနိုင်ငံသားများက မယုံကြည် တော့ကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်ရေးသန့်ရှင်းသော အစိုးရဖြစ် ရန်မှာ ဝန်ထမ်းများအနေဖြင့်စိတ်ပိုင်းရုပ်ပိုင်း ကြံ့ခိုင်ရန် လို အပ်ကြောင်း၊ ယင်းကြံ့ခိုင်ရန်မှာလည်း ပြောရုံနှင့် မရဘဲ ပြည်ထောင်စု အစိုးရနှင့် လွှတ် တော်တို့က အဂတိတရားကင်းရှင်း စေရန်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြား သည်။

''အဲဒီလိုလူတွေ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှ ကျွန်တော် တို့နိုင်ငံရှေ့ဆက်သွားမယ့်ခရီးအတွက် သူများနိုင်ငံနဲ့ ရင်ပေါင်တန်းနိုင်မယ်။ နိုင်ငံထူထောင်တဲ့နေရာမှာ ဒီလိုအရေး ကြီးတဲ့လူ တွေကို ဦးစားပေး စီမံခန့်ခွဲ ပေးဖို့လိုတယ်''ဟု ယင်းကဆက်လက် ပြောသည်။ 

Democracy today

No comments:

Post a Comment

My Blog List