Thursday, January 01, 2015

NDF က ပြည်သူ့ဆန္ဒ စစ်တမ်းကောက်ယူနေဟုဆို


လာမည့်လွှတ်တော်တွင် လူထုကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြနိုင်ရန် နိုင်ငံတစ်ဝန်း ပြည်သူ့ ဆန္ဒစစ်တမ်း ကောက်ယူ လှုပ်ရှားမှုများကို အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF)က ပြုလုပ်လျက်ရှိ ကြောင်း သတင်းရရှိသည်။

လက်ရှိအချိန်တွင် ပြည်သူ များအနေဖြင့် စားဝတ်နေရေး၊ လမ်းပန်းဆက် သွယ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ကြုံတွေ့နေရသော အခက်အခဲများကို ဇန်နဝါရီအတွင်းပြန်လည်ကျင်းပမည့် လွှတ်တော်၌ တင်ပြနိုင်ရန်လူထုထံမှ စစ်တမ်း ကောက်ယူခြင်းဖြစ်သည်ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင် မောင်ဆွေကပြောသည်။

ယင်းသို့ပြည်သူ့ဆန္ဒစစ် တမ်းကောက်ယူလှုပ်ရှားမှုသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေးဆင်း ခြင်းမဟုတ်ဘဲ ပါတီစည်းရုံးရေး သဘောမျိုးသာဖြစ်ပြီး ပါတီ၏ လွှတ်တော်အမတ် များ လွှတ်တော်တွင်းလုပ်ဆောင်ချက်များ ကို ပြည်သူများအားအသိပေးရှင်းလင်း တင်ပြခြင်းများပြုလုပ်မည် ဟု ဦးခင်မောင်ဆွေကပြောသည်။

ဒီဇင်ဘာ ၃၀ ရက်တွင် NDF သည် လွှတ်တော်တွင်း လုပ်ဆောင်ချက်များကို ပြည်သူများအား အသိပေး တင်ပြခြင်းနှင့် ပြည်သူ့ဆန္ဒကောက်ယူပွဲ လှုပ်ရှားမှုများကို ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၌ ပြုလုပ်ခဲ့ကြောင်း ယင်းပါတီက သတင်းထုတ်ပြန်ခဲ့သည်။

‘‘ကျွန်တော်တို့စစ်တမ်း ကောက်တဲ့ဟာက လက်ရှိပြည်သူ တွေအနေနဲ့ စားဝတ်နေရေးမှာ ချောင်လည်လား၊ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ဘယ်လိုမြင်လဲ အဲဒီလိုမေးခွန်းလေးတွေမေးတာ ပါ’’ဟု ဦးခင်မောင်ဆွေက ပြောသည်။

NDFသည် လက်ရှိရွေးကောက်ပွဲစနစ်နေရာတွင်အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်)ကို ပြောင်းလဲကျင့်သုံးရန် လွှတ်တော်သို့တင်သွင်းခဲ့သည့် ပါတီ တစ်ခုဖြစ်သည်။

၂၀၁၀ အထွေထွေရွေး ကောက်ပွဲ၌ NDF အနေဖြင့် တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ် ၁၆၁ နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၁၆ နေရာအနိုင်ရရှိခဲ့သည်။

7 day

No comments:

Post a Comment

My Blog List