Monday, December 29, 2014

ကြည်နူးရွှင်ပြ အကယ်ဒမီ ဆုရှင်များ၏ ရင်ခုန်သံ စကားများ



၂၀၁၃ ခုနှစ်အတွက် ရုပ်ရှင်ထူး ချွန်ဆုပေး ပွဲအတွက် နောက်ခံတေး ဂီတဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ အမျိုး သား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ဆောင်ဆုနှင့် ဒါရိုက်တာဆုတို့ကို ပေးအပ်ခဲ့ သည်။ နောက်ခံတေးဂီတဆုကို စန္ဒရားတင်ဝင်းလှိုင်၊ အမျိုးသမီးဇာတ်ပို့ဆု ခိုင်သင်းကြည်၊ အမျိုးသား ဇာတ်ပို့ဆု မင်းဦး၊ အမျိုးသမီး ဇာတ်ဆောင်ဆု ဝတ်မှုန်ရွှေရည်၊ အမျိုးသားဇာတ်ဆောင်ဆု ပြေတီဦး၊ ဒါရိုက်တာ ဆု ဝိုင်းတို့က အသီးသီး ရရှိခဲ့သည်။ ဆုရရှိသူများက ဆုရပြီးတဲ့နောက် ဘယ်လိုခံစားရလဲ၊ ကျေးဇူးတင်စကား ကို ဘာတွေပြောကြလဲ မဇ္ဈိမ သတင်းထောက်က စုစည်း တင်ပြ လိုက်သည်။
စန္ဒရားတင်ဝင်းလှိုင် (တေးဂီတဆု)

ကျေးဇူးတင်ထိုက်သူတွေ အားလုံးကို ကျေးဇူးကို အဖန်ဖန် အောင့်မေ့ ပါတယ်။ သမား စဉ်ပါပဲ၊ ကြယ်စင် မော်ကွန်း ဇာတ်ကားမှာ တကယ်တော် တာက ဒါရိုက် တာ ပန်းချီစိုးမိုးပါ။ အရမ်းကောင်းတာကတော့ ဇာတ်ညွှန်းဆရာ ငြိမ်းမင်းပါ။

ခိုင်သင်းကြည် (အမျိုးသမီး ဇာတ်ပို့ဆု)

အမှန်အတိုင်းပြောရရင် အကယ်ဒမီဆုကို တကယ်ကို လိုချင်ခဲ့တာပါ။ ဘာကြောင့် လိုချင်ခဲ့တာလဲဆိုတော့ ပရိသတ်ကြောင့်ပါ။ ပရိသတ်က မခိုင်လေး အကယ် ဒမီရအောင်လို့ ဆုတောင်းပေးခဲ့တာတွေကြောင့် ပါပဲ။ အခုလို ဆုတောင်းပေးကြတာကြောင့် မခိုင်လေး ပရိသတ်တွေအတွက် ပိုပြီး ယူပေးချင်တာပါ။ ပြီးတော့ အင်တာနက် ပေါ်မှာရော ဖေ့ဘွတ်တွေ ပေါ်မှာရော တစ်ချိန်လုံး ဆုတောင်းပေးနေတဲ့ ပရိသတ်တွေကို လည်း ကျေးဇူးတင်ပါတယ်။

အဲဒါ တကယ် အမှန် စကားပါ။ အကယ်ဒမီနဲ့ နှစ်အ များကြီး မဆုံခဲ့ ပါဘူး။ အခုလို ဆုရအောင် စုန်းပြူး ဇာတ် ကားကို ရိုက်ခွင့်ပေး ခဲ့တဲ့ သူအားလုံး ကိုကျေးဇူး တင်ပါတယ်။ အနုပညာအလုပ်တွေကို စိတ်ဖြောင့်ဖြောင့် လုပ်လို့ရအောင် စံထိပ်ထားဦးကို ထိန်းသိမ်း စောင့်ရှောက်ပေးခဲ့တဲ့ စံထိပ်ထားဦး ဖွားဖွား၊ မခိုင်လေး ရဲ့ မာမီကိုလည်း ကျေးဇူး တင်ပါတယ်။ ပြီးတော့ ဘာပဲ လုပ်လုပ် အားပေးခဲ့တဲ့ ဘဝလက် တွဲဖော် ကိုခန့်နိုင်ကို လည်း ကျေးဇူး တင်ပါတယ်။မင်းဦး (အမျိုးသား ဇာတ်ပို့ဆု)

ရတနာ သုံးပါးနဲ့ မွေးဖွားပေး ခဲ့တဲ့ မိဘနှစ်ပါး။ အခု အဖေရော အမေရော တီဗီကနေ ကြည့်နေ လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ဒီစင်ပေါ်ရောက်အောင် နှစ်ပေါင်း များစွာ ကြိုးစားလာ ခဲ့ရတာပါ။ အမေနဲ့ အဖေကို ကန်တော့ ပါ တယ်။ အနု ပညာလောက ထဲမှာ ပထမ ဆုံးမွေးဖွားပေး ခဲ့တဲ့ ဆရာ ဦးခင်ဇော်ကို ကန်တော့ပါတယ်။

ဆရာ ကိုမေ့လျော့ ခဲ့တာတွေ လိုအပ်တာတွေ ရှိခဲ့ရင် တောင်းပန် ပါတယ်။ ခွင့်လွှတ်ပေးပါ။ တက်ရောက် လာတဲ့ နိုင်ငံတော် အကြီးအကဲ အနုပညာ ရှင်တွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ဒီကား မှာ ရိုက် ရအောင်ခေါ် ယူပေးခဲ့တဲ့ ပရိုဂျူဆာ ဦးဝင်းကြည်၊ ဒါရိုက်တာ ဝိုင်းတို့ကို ကျေးဇူး တင်ပါတယ်။ ပြီးတော့ အထူးကြိုးစားစရာမလိုဘဲ ဒီဆုကိုရအောင် ဒါရိုက်တာဝိုင်းက ရိုက်ပေးခဲ့တာပါ။ ဒီအချိန်အထိ ရပ် တည်ခွင့်ရအောင် စရိုက်မျိုးစုံကို သရုပ်ဆောင်ခွင့်ရအောင် အမြဲတမ်း အားပေးနေတဲ့ ပရိသတ်ကြီးကို လည်း ကျေးဇူးတင်ပါတယ်။

ဝိုင်း (ဒါရိုက်တာဆု) (စေတန်ရဲ့ကချေသည်)

အားလုံးကို ဦးညွှတ်ပါတယ်။ ဇော်က ကနေသည် ဇာတ်ကားမှာ ဒါရိုက်တာဆု ရခဲ့တဲ့ ဦးမီး ပွားပြော ခဲ့သလို ပြောပါ့မယ်။ “ဝိုင်း အကယ်ဒမီ ရပါပြီ။” ပြီးတော့ ကျွန်တော့်ဆရာ ဦးကျော်ဟိန်း ပြောခဲ့ သလိုပါပဲ။ “လူသား အားလုံးကို ကျေးဇူး တင်ပါတယ်။” ကျွန်တော့်ကို ဝိုင်းကူညီတဲ့ ညီ၊ ညီမတွေ ပရိသတ်တွေ ပြီးတော့ ယုံယုံ ကြည်ကြည် လက်တွဲခေါ်တဲ့ စိုင်းစိုင်း ခမ်းလှိုင်၊ မခင်စန္ဒာမြင့် တို့ကိုလည်း ကျေးဇူး တင်ပါတယ်။ ပြီးတော့ ဦးငြိမ်းမင်း အကယ်ဒမီ ရတုန်း ကပြော ခဲ့တဲ့အ တိုင်းဒီထက်မက ထူးချွန်အောင် ကြိုးစားပါ့မယ်။ ပြီးတော့ ရုပ်ရှင်လောက တိုးတက်အောင်လည်း ကိုယ်စွမ်းဥာဏ် စွမ်းရှိသ၍ ကြိုးစား ပါမယ်။

ဝတ်မှုန်ရွှေရည် (အမျိုးသမီးဇာတ်ဆောင်ဆု)(နင်စေရင်)

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်ဇနီး၊ အကဲဖြတ်လူကြီးမင်းများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး ဥက္ကဋ္ဌ ဧည့်သည်တော်များနှင့် ပရိသတ် များအား လုံးကို ဂါရဝပြုပါတယ်။ ကစ် အရမ်းပျော်ပါတယ်။ ပရိသတ်တွေလည်း ပျော်မယ် ထင်ပါတယ်။ ပရိသတ် ဆုတောင်းပေးတဲ့ မေတ္တာကြောင့် ရတာလို့ ထင်ပါ တယ်။ ပြီးတော့ ကစ်မေမေကို အရမ်းကျေးဇူးတင်ပါတယ်။

ကစ်ရှေ့ကနေ အမြဲတမ်း မားမားမတ်မတ် ရပ် တည်ပေးခဲ့တယ်။ ဖေဖေ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ကစ်ကို ပရိသတ်သိအောင် ကြော်ငြာ ရိုက်ကူးပေး ခဲ့တဲ့ Kanebo ကုမ္ပဏီကိုလည်း ကျေးဇူး တင်ပါတယ်။ ဒီနေ့ ကစ်ကို အကယ်ဒမီ ရစေချင်တဲ့ အနုပညာ ညီအစ်ကို မောင်နှမ များကိုလည်း ကျေးဇူး တင်ပါတယ်။ စိန်ဌေးက ဦးဝင်းကြည် ကိုလည်း ကျေးဇူး တင်ပါတယ်။ ဒီဇိုင်နာ မိုးကုတ် ပေါက်ပေါက် ကိုလည်း ကျေးဇူး တင်ပါတယ်။

ပြေတီဦး (အမျိုးသားဇာတ်ဆောင်ဆု) ( နင်စေရင်)

ရတနာ သုံးပါးနဲ့ မိဘနှစ်ပါးကို ကျေးဇူး တင်ပါတယ်။ အခု အကယ်ဒမီ ဆုချီးမြှင့်တဲ့ ပွဲက မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးက ပထမဆုံး ကျင်းပတဲ့ ပွဲဖြစ်တယ်။ အားလုံး စုံစုံ ညီညီ တက်ရောက်ပေးတဲ့ အတွက် အရမ်း ကျေးဇူး တင်ပါတယ်။ အလုပ် မအားတဲ့ ကြားကနေ တက်ရောက်ပေးတဲ့ နာယက ကြီးတွေ အားလုံးကို လည်းကျေးဇူး တင်ပါတယ်။ အကယ်ဒမီ အကဲဖြတ်အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။

ဒီအချိန်ကို မရောက်ခင်ကြားထဲမှာ ဒုက္ခတွေစိတ်ဓာတ်ကျတဲ့အချိန်တွေ အများကြီးပါပဲ။ အခုဒီအချိန် ကိုရောက်လာပါပြီ၊ကျေးဇူးတင် ထိုက်သူ အားလုံး ကိုကျေး ဇူးတင်ပါတယ်။ နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကို ရောက်တော့ မှာပါ။ ကျွန်တော် တို့ရဲ့ နိုင်ငံက ကံဇာတာ အကောင်း တကာ့ အကောင်းဆုံး ကံဇာတာခွင် ထဲရောက်နေ ပါစေလို့ ဆုတောင်း ပါတယ်။ ကျွန်တော် အကောင်းဆုံး တာဝန်ကျေအောင် ကြိုးစား ပါ့မယ်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List