Wednesday, December 31, 2014

လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်မှုဖြင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါ်နော်အုံးလှ အပါအဝင် သုံးဦးကို အင်းစိန်ထောင်ပို့


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တရုတ်သံရုံးရှေ့တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်ခဲ့သူများအနက် ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါ်နော်အုံးလှ၊ ဒေါ်စိန်ထွေးတို့ကို ပုဒ်မ ခုနစ်ခုဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့က ဖမ်းဆီး၍ ဒဂုံမြို့နယ် တရားရုံးချုပ် ရီမန်ဖြင့် အင်စိန် ဗဟိုအကျဉ်းထောင် ပို့လိုက်ကြောင်း တရားရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဆန္ဒပြမှုတွင် ဦးဆောင်သူသုံးဦးက ဥပဒေနှင့် မညီသော စုဝေးမှု၊ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုမှု၊ လုံခြုံရေးအရ တားဆီးထားသော စည်းကို ဖြတ်ကျော် ဝင်ရောက်မှု အပါအဝင် ပုဒ်မ ၇ ခု ဖြင့် ဒဂုံမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ပြီး အာမခံမပေးဘဲ မြို့နယ်တရားရုံ၏ ချုပ်ရီမန်ဖြင့် အင်စိန် ဗဟိုအကျဉ်း ထောင်တွင် ချုပ်နှောင်ထားမည် ဖြစ်ကြောင်း အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်က အတည်ပြု ပြောကြားသည်။

ယခု အမှုဖွင့်ရသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါ်နော်အုန်းလှ အပါအဝင် သုံးဦးကို ၎င်းတို့ သုံးဦးအနက် ဒေါ်ကို ဒီဇင်ဘာလ ၃၀ ရက်က နယ်မြေခံ ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ အကူအညီဖြင့် သွား ရောက် ဖမ်းဆီးခဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နယ်မြေခံရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့တို့၏ အကူအညီဖြင့် သွားရောက် ဖမ်းဆီးခဲ့ပြီး နာရီပိုင်းအတွင်း ရုံးထုတ်၍ အင်စိန်ထောင် ပို့ခဲ့ခြင်း ဖြစ်ကြောင်း အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောကြားသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် မြန်မာ လူမှုဘဝ တိုးတတ်မြင့်မားရေး အသင်းခေါင်းဆောင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က အသင်းဝင် လေးဦးနှင့်အတူ လက်ပံတောင်း တောင်သို့ သွားရန် ရန်ကုန်မှာ ထွက်ခွာစဉ် တောင်အပေါင်းအပါ ၄ ဦးနှင့် ရန်ကုန်မြို့မှ လက်ပံတောင်း တောင် ဒေသသို့ သွားရောက်ရန် အသင်းပိုင်ကားဖြင့် ထွက်ခွာစဉ် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ရွာသာကြီး စိတ်ကျန်းမာရေး လမ်းဆုံရှိ တိုးဂိတ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် လက်ပံတောင်းတောင် ဒေသသို့ လိုက်ပါသွားသူ ကိုနောင်နောင်က ပြောကြားသည်။

“အဖမ်းခံရတဲ့ ကျွန်တော်တောင် ဘာပုဒ်မနဲ့ အရေးယူမှန်း မသိဘူး။ ပုဒ်မတွေကများတော့ မမှတ်မိဘူး” ဟု ဦးနေမျိုးဇင်က တရားခွင်မှ အထွက်တွင် မီဒီယာများကို ပြောကြားသည်။

ဒေါ်နော်အုံးလှကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်က စမ်းချောင်းမြို့နယ် ဗဟိုလမ်းထိပ်ရှိ ၎င်း၏ နေအိမ်တွင် ရဲတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးခဲ့ပြီး ဒဂုံမြို့နယ် ရဲစခန်းသို့ ခေါ်ဆောင် သွားကြောင်း ဒေါ်နော်အုံးလှ၏ မိသားစုဝင် ဒေါ်သန္တာက ပြောကြားသည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါ်နော်အုံးလှ၊ ဒေါ်စိန်ထွေးတို့ကို ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ တစ်နာရီ ခွဲခန့်တွင် ဒဂုံမြို့နယ်ရဲစခန်းမှ ဒဂုံမြို့နယ် တရားရုံးသို့ ခေါ်ဆောင်လာစဉ် တရားရုံးဝင်းတံခါးကို လုံခြုံရေး အရ ရဲတပ်ဖွဲ့က တံခါးပိတ် ထားရာ ဒေါ်နော်အုံးလှက မီဒီယာနှင့် တရားရုံးသို့ လာရောက်သူများကို တရားရုံးသို့ ဝင်ခွင့်မပြုပါက တရားခွင်အတွင်းသို့ ဝင်ရောက်မည် မဟုတ်ဟုဆိုကာ တရားရုံး မျက်နှာစာရှိ မြက်ခင်းပေါ်တွင် ၁၀ မိနစ်ခန့် လဲလျောင်းခဲ့သည်။

အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့အနေနှင့် တရုတ်သံရုံးရှေ့ ဆန္ဒပြ ရုန်းရင်းဆန် ခတ်မှုတွင် ပါဝင်သူများကို ရုပ်သံဖိုင်များမှတစ်ဆင့် ပြန်လည် စိစစ်နေပြီး ထွက်ပြေးတိမ်းရှောင် နေသူများကို ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားမည် ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။


The Voice Weekly

No comments:

Post a Comment

My Blog List