Wednesday, December 31, 2014

အစ္စရေးတပ်များ ပါလက်စတိုင်းက ဆုတ်ခွာပေးရေးအဆို ကုလ လုံခြုံရေးကောင်စီ ပယ်ချ


အဆိုပြုချက်အရ ၁၉၆၇ ခုနှစ်က အစ္စရေးတပ်တွေဟာ အနောက်ဘက်ကမ်း၊ အရှေ့ဂျေရုစလင်နဲ့ ဂါဇာ ကမ်းမြောင်ဒေသကနေ ပြန်ဆုတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ၁၂ လအတွင်း အပြီးသတ်ဖို့လည်း တောင်းဆို ထားပါတယ်။။

ပါလက်စတိုင်းရဲ့ အဆိုကို ထောက်ခံမဲ ၉ မဲ ရှိခဲ့ပေမ့ယ် အမေရိကန်က ကန့်ကွက် မဲပေးခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုက  လုံခြံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ဗီတိုနဲ့ ပယ်ချလိုက်တာပါ။

ထောက်ခံမဲ ၈ မဲ၊  ကန့်ကွက်မဲ ၂ မဲ၊ ကြားနေမဲ ၅ မဲနဲ့ ပါလက်စတိုင်းရဲ့ အဆို ရှုံးနိမ့်ခဲ့ပါတယ်။

သြစတြေးလျက အမေရိကန်နဲ့အတူ အဆိုကို ကန့်ကွက်မဲပေးခဲ့တာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List