Tuesday, December 30, 2014

ဦးပိန်တံတားပြင်ဆင်ရန် ငါးလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီး အားဖြည့်မည်



အမရပူရမြို့နယ် တောင်သမန်အင်းရှိ ဦးပိန်တံတားကို ရှေးဟောင်းသုတေသန ဦးစီးဌာနက ရှေးမူမပျက်ပြင်ဆင် ရန် စီစဉ်နေပြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာနများကပါ ပူးပေါင်းပါဝင်ပြင်ဆင်ကြမည်ဖြစ်ကြောင်းကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးနိုင် အောင်က ပြောသည်။

‘‘ဦးပိန်တံတားရှိတဲ့ တောင် သမန်အင်းမှာ ငါးလုပ်ငန်းလုပ် နေတော့ ငါးလုပ်ငန်းဦးစီးဌာနက လည်း ပြင်ဖို့ရှိတယ်။ ကျွန်တော် တို့ကလည်း တတ်နိုင်သလောက် ပူးပေါင်းပြီး ဆောင်ရွက်ဖို့ ဘာ တွေပြင်ဖို့လိုမလဲ ကွင်းဆင်းကြည့်နေပါတယ်’’ဟု ကျေးလက်တိုင်း ဦးစီးမှူးကပြောသည်။

ပျက်စီးစပြုနေပြီဖြစ်သော ဦးပိန်တံတားကို ပြင်ဆင်ရန် ဌာနဆိုင်ရာများသာမက ပြင်ပ အလှူရှင်များကလည်း လာ ရောက်လှူဒါန်း ကြရာ သိန်း တစ်ရာကျော် ရရှိထားကြောင်း၊ အဆိုပါလှူဒါန်းငွေများဖြင့် ပျက် စီးနေသည့် တံတားကြမ်းခင်း ၃၇ ချောင်းအပါအ၀င် ပြင်ဆင်ထိန်း သိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း ဦးပိန် တံတား အနောက်ထိပ်ရှိ တောင်မင်းကြီးဂေါပကအဖွဲ့ဝင်များကပြောသည်။

တောင်သမန်အင်းအတွင်း ရေများရာသီမပြတ်ထည့်သွင်း ထားခြင်းသည်လည်း ဦးပိန်တံ တားအခြေတိုင်များ ပျက်စီးရခြင်း အကြောင်းရင်းများတွင် ပါဝင် ကြောင်း ဒေသခံအချို့က ဝေဖန် ခဲ့ကြပြီး တောင်သမန်အင်းအ တွင်း ငါးမွေးမြူရေးလုပ်ငန်းလုပ် ကိုင်ခွင့်ရထားသူ ဦးချစ်ခိုင်ကမူ အင်းရေများလျှော့ ချပေးမည်ဟု ဆိုသည်။ ၂၀၁၄ မတ်လ ၁၉ ရက်နေ့မှစတင်ကာ ပျက်စီးမှု ဆိုးရွားနေသော ဦးပိန်တံတားရှိ အခန်းပေါင်း ၂၁ ခန်းအား မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် သိန်း ၁၃၀ အကုန် အကျခံကာ ပြင်ဆင်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနမှ သတင်း ရရှိသည်။ 

ဦးပိန်တံတားသည် တောင်သမန်အင်းပေါ်တွင် အမ ရပူရမြို့နှင့် အရှေ့ဘက်ရှိ တောင်သမန်ကျေးရွာတို့ကို ဆက်သွယ် ထားသည်။ မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် (ခရစ်နှစ် ၁၈၄၉)တွင် မြို့စာရေးဦးပိန်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၃,၉၆၇ ပေ ရှည်လျားကာ ကျွန်းတိုင်လုံးပေါင်း ၁,၀၈၆ တိုင်ဖြင့် တည်ဆောက် ထားခြင်းဖြစ်ကြောင်း မှတ်တမ်း များတွင် ဖော်ပြထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List