Tuesday, December 30, 2014

မယ်စကြ၀ဠာပြိုင်ပွဲဝင်ရန် သျှားထွဋ်အိန္ဒြာ အမေရိကန်သို့ ထွက်ခွာ



အမေရိကန်ပြည်ထောင် စုတွင် ကျင်းပတော့မည့် ၂၀၁၄ အတွက် မယ်စကြ၀ဠာ ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုဝင် ရောက်ယှဉ်ပြိုင် ရန် အလှမယ် သျှားထွဋ်အိန္ဒြာသည် တနင်္လာနေ့ နံနက်က ထွက်ခွာသွားပြီ ဖြစ်သည်။ မယ်စကြ၀ဠာပြိုင်ပွဲ နောက်ဆုံးအဆင့်ပြိုင်ပွဲ ကို အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည် နယ် မီယာမီမြို့တွင် ၂၀၁၅ ဇန် န၀ါရီ ၂၅ ရက်၌ ကျင်းပ မည်ဖြစ် ပြီး ဇန်န၀ါရီ ၂၃ ရက်တွင် National Costume (ရိုးရာဝ ၀တ်စုံ) များဖြင့် ၀တ်ဆင်ယှဉ်ပြိုင် ရမည်ဖြစ်သည်။
အလှမယ် သျှားထွဋ်အိန္ဒြာ သည် ရိုးရာဝတ်စုံပြိုင်ပွဲအတွက်ဝတ်စုံကို ဒီဇိုင်နာ မပုံ့ (My Favourite Fashion) က တာဝန်ယူချုပ်ပေး ထားကြောင်း ဖေ့စ်ဘွတ်ခ် တွင် ရေးသားထားသည်။

‘‘ပြိုင်ပွဲ တောက်လျှောက် သျှားအတွက် အင်အားတွေ ပေး စေချင်တယ်။ voting အတွက် လည်း ၀ိုင်းဝန်းကူညီပေးကြပါဦးလို့ မေတ္တာ ရပ်ခံပါတယ်။ သျှား ဘက်ကလည်း အတတ်နိုင်ဆုံး ယှဉ်ပြိုင်သွားပါမယ်လို့ ကတိပေး ပါတယ်’’ ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

Miss Universe ပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်း ၅၀ ကျော်အကြာ ၂၀၁၃ မှစကာ အလှမယ်မိုးစက်ဝိုင်က ပြန်လည် ယှဉ်ပြိုင် ခဲ့ပြီး သျှားထွဋ်အိန္ဒြာက ဒုတိယအကြိမ် ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List