Wednesday, December 31, 2014

နှစ်သစ်ကူးညတွင် ကရ၀ိက်ဥယျာဉ်ပုံမှန်ထက် အချိန်တိုးဖွင့်မည်



ယခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညတွင် ကန်တော်ကြီးရှိ ကရ၀ိက် ဥယျာဉ်ကို ပုံမှန်ပန်းခြံပိတ်ချိန်ထက် အချိန်တိုး၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး လုံခြုံရေးအင်အားကိုလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ နှစ်သစ်ကူးည အထိမ်း အမှတ်အဖြစ်ကရ၀ိက်ဥယျာဉ်အတွင်း ပျော်ပွဲရွှင်ပွဲ များစွာရှိသောကြောင့် ဥယျာဉ်ကို ည ၂ နာရီကျော်အထိ ဖွင့်လှစ်ပေးသွား မည်ဖြစ်သည်။
‘‘နောက်ကျပြီး ဖွင့်ပေးသွား မယ်ဆိုပေမယ့် ခိုက်ရန်ဖြစ်ပွားမှု တွေ မရှိအောင် လုံခြုံရေးအတွက် ပြင်ပလုံခြုံရေးတွေကိုပါ ငှားသွား မှာပါ။ ပန်းခြံထဲလာတဲ့ လူတွေအ တွက်လည်း Count Down ပွဲ လေး လုပ်ပေးသွားဦးမှာပါ’’ဟု ကရ၀ိက်ဥယျာဉ်မှ ပွဲစီစဉ်ရေး တာဝန်ရှိသူက ပြောသည်။

အဆိုပါ နေ့တွင် လူစည် ကားရာညဘက်မှစတင်၍ တစ်ညလုံးလူအင်အား အပြည့်အ၀ဖြင့် လုံခြုံရေးယူသွားမည်ဖြစ် ကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နှစ်သစ်ကူးညတွင် အရက် နှင့် ဘီယာဆိုင်များကို သတ် မှတ်ချိန်ထက်ကျော် လွန်၍ မရောင်းချရန် ကြေညာချက်ထုတ်ပြန် ထားပြီး ရောင်းချပါက အရေးယူ မည်ဟုသိရသည်။

‘‘မနှစ်တုန်းကလည်း တစ်ဖွဲ့ နဲ့တစ်ဖွဲ့ ရန်ဖြစ်ကြတာတွေ ရှိ တယ်။ လာတဲ့လူက လူငယ်အ များစုဆိုတော့ မူးလည်း မူးနေပုံ ပေါ်တယ်။ ရန်ဖြစ်လို့ ၀င်ရှင်းပေးတာ ကိုယ့်ကိုတောင်ရန်ပြန်ရှာ တယ်။ ဒီနှစ်တော့ အရမ်းဆိုးဆိုး ရွားရွားမဖြစ်ဖို့ မျှော်လင့် ရတာ ပဲ’’ဟု ကရ၀ိက်ဥယျာဉ်မှ လုံခြုံရေးဝန်ထမ်းတစ်ဦးက ပြော သည်။

အဆိုပါ နေ့တွင် ညနေ ၅ နာရီခန့်မှစတင်၍ Red Foam Party, Magic Show အစရှိသော ပျော်ပွဲရွှင်ပွဲများ ပြုလုပ်သွား မည်ဖြစ် ကြောင်း သိရသည်။

7Day News Journal

No comments:

Post a Comment

My Blog List