Wednesday, December 31, 2014

တက္ကသိုလ် ဆရာများ ရာထူးတိုးနှင့် ပြောင်းရွှေ့မိန့်ကြောင့် နစ်နာမှုအတွက် ဝန်ကြီးဌာနနှင့် တိုက်ရိုက်ဖြေရှင်းမည်


ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူးတိုးခြင်းနှင့် ပြောင်းရွှေ့ခြင်းအမိန့်စာကြောင့် နစ်နာမှုများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနနှင့် တိုက်ရိုက်ဖြေရှင်းသွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများ အဖွဲ့ချုပ်က အတွင်းရေးမှူး ဒေါက်တာ အာကာမိုးသူက မဇ္ဈိမကို ပြောသည်။

ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်ဆရာများ ရာထူးတိုးနှင့် ပြောင်းရွှေ့မိန့်ကြောင့် နစ်နာမှုများ ရှိနေပြီး ယင်းတို့ကို ဝန်ကြီးဌာနနှင့် ဖြေရှင်းသွားမည်ဖြစ်သည်။

“လုပ်သက်တူပြီး ရာထူးတိုးထဲမှာ ချန်ခဲ့ရတဲ့ မဖြစ်သင့်တဲ့ ပြောင်းရွှေ့ပုံစံ ကြီးကို မကျေနပ်လို့ ဆရာ၊ ဆရာမတွေ အားလုံးက ရှုတ်ချပါတယ်။ ဒီကိစ်္စကို ပညာရေးဝန်ကြီးဌာနနဲ့ တိုက်ရိုက်ဖြေ ရှင်းသွားမှာပါ။ လက်ရှိမှာတော့ နစ်နာသွားတဲ့ ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ဖြေရှင်းပေးတဲ့ ပုံစံတစ်ခုဖြစ်ဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ပြောသည်။

ဆရာ၊ ဆရာမများ ရာထူးတိုးနှင့် ပြောင်းရွှေ့ခံရခြင်း အမိန့်စာကို ဒီဇင် ဘာ ၁၇ ရက်တွင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမိန့်စာနှင့် ပတ်သက်၍ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်မှ ဒီဇင် ဘာ ၃၀ ရက်က သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်၌ တက္ကသိုလ် ဆရာ၊ ဆရာမများ ရာထူးတိုးမြှင့်ရေး မူဝါဒချမှတ်ရာတွင် ဆရာ၊ ဆရာ မများ၏ သဘောဆန္ဒကိုရယူခြင်း လုံးဝမရှိခဲ့ ကြောင်း၊ အဆိုပါကိစ္စသည် ပွင့်လင်းမြင်သာရန် ရည်ရွယ် သည်ဟု ဆိုခဲ့သော်လည်း မူဝါဒများကို ကြိုတင် မသိရှိခဲ့ရ သောကြောင့် ဆရာ၊ ဆရာမများ နစ်နာမှု ဖြစ် ပေါ်ခဲ့ရကြောင်း၊ ပညာရေးဝန်ကြီး ဌာနမှထုတ်ပြန်ခဲ့သည့် အဆိုပါစာများသည် ရိုးသားမှု၊ တရားမျှတမှုနှင့် ပွင့်လင်း မြင်သာမှု လွန်စွာ အားနည်းသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဆရာများ၏ နစ်နာမှုများကို အမြန်ဆုံး ပြန်လည် ကုသပေးရန်နှင့် ရာထူးတိုးမြှင့်ရေးနှင့် အပြောင်းအရွှေ့ဆိုင်ရာမူဝါဒချမှတ်ရာတွင် ဆရာ၊ ဆရာမများ၏ သဘောဆန္ဒကို ရယူပြီးမှ ချမှတ်ထုတ်ပြန်ရမည်ဟု တောင်းဆိုထားသည်။

ဒေါက်တာ အာကာမိုးသူက “ရာထူးတိုး ချန်ခံခဲ့ရတဲ့ ဆရာတွေအတွက် စိတ်ပိုင်းဆိုင်ရာ ညှိုးနွမ်းမှုဖြစ်စေရုံ မက တခြားဆရာမတွေ ကြားထဲမှာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။ ဒါတွေကို ပညာရေးဝန်ကြီးဌာနက ဖြေရှင်းပေးဖို့ လိုတယ်” ဟု ဆိုသည်။

လက်ရှိတွင် ရာထူးတိုးခြင်းနှင့် ပြောင်းရွှေ့ခြင်း အမိန့်စာကြောင့် နစ်နာသွားခြင်းကြောင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာများအဖွဲ့ချုပ်သို့ တိုင်ကြားထားသည့် တက္ကသိုလ် ဆရာ၊ ဆရာမများ ၁၃ ဦးခန့်ရှိနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကြည့်မည်ဆိုပါကများစွာ ကျန်နေသေးသည်ဟု ၎င်းက ဆိုသည်။

ပညာရေးဝန်ကြီးဌာန၏ ပြောင်းရွှေ့ခြင်းဆိုင်ရာ စိစစ်ရေးမူ လေးချက်တွင် နိုင်ငံတော်ပေါ်တွင် သစ္စာရှိမှု၊ နား လည်ပေးမှု၊ ဆရာ၊ ဆရာမများ အရည် အချင်း ပြည့်ဝမှု၊ ဘာသာရပ်ပေါ်တွင် နားလည်တတ်ကျွမ်းမှုနှင့် အင်္ဂလိပ်စာ အရည်အသွေးပြည့်စုံမှု ရှိရမည်ပါရှိကြောင်း ပညာရေးဝန်ကြီးဌာန အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ညွှန်ကြားရေးမှူးချုပ်များထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်း တာဝန်ကျသည့် ဆရာ၊ ဆရာမများ ကျောင်းပြောင်း လျှောက်ထားပါက သုံးနှစ် စောင့်ဆိုင်းရပြီး နယ်ကျောင်းပြောင်း ဆရာ၊ ဆရာမများမှာ နှစ်နှစ် စောင့်ဆိုင်းရကြောင်း၊ ဝေးလံခေါင်ဖျား သည့် ဒေသများသို့ ပြောင်းရွှေ့ခွင့် လျှောက်ထားပါက တစ်နှစ်စောင့်ဆိုင်းရကြောင်း ဆရာ၊ ဆရာမများထံမှ သိရသည်။

တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သည့် ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှု ဆရာများ၏ အခန်းကဏ္ဍ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၉ နှင့် ၃၀ ရက်တို့တွင် ပြုလုပ်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List