Thursday, January 01, 2015

သွေးထိုးမှုများ နားမယောင်ကြရန် လယ်သမားများအား သူရဦးရွှေမန်းထပ်ပြော



လယ်သမားများအနေ ဖြင့် သွေးထိုးမှုများ နားမယောင်ကြရန်နှင့် ဥပဒေနားလည်သည့် အဖွဲ့အစည်းများထံ ချဉ်းကပ်၍ လယ်မြေများ ပြန်လည်ရရှိရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက မှော်ဘီမြို့တွင် ပြုလုပ်သည့် တောင်သူတွေ့ဆုံပွဲ၌ ပြော ကြားလိုက်သည်။
လယ်သမားများမှာ လယ် ယာမြေပြန်လည်ရရှိရေး တောင်း ဆိုရာတွင် နည်းလမ်းတကျ ဖြစ် ရန်အတွက် ဒီဇင်ဘာ ၃၁ ရက်က မှော်ဘီမြို့တွင်ပြုလုပ်သောတောင်သူလယ်သမားရေးရာတွေ့ဆုံပွဲ၌ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း သွားရောက်ခဲ့သော ဧရာဝတီတိုင်း ခရီးစဉ်၌ တောင်သူများနှင့် တွေ့ဆုံစဉ်ကလည်း ၎င်းက ပြောကြားခဲ့ ဖူးသည်။

‘‘လယ်ယာမြေတွေ ပြန်ရဖို့ ဆောင်ရွက်နေကြတဲ့ နေရာမှာ သွေးထိုး မြှောက်ပင့်တာတွေရှိနေတဲ့အတွက် လယ်သမားတွေ တရားရုံးရောက်ကြရတယ်။ ဥပ ဒေအရ ရင်ဆိုင်ရတာတွေကို စိတ်မကောင်းစွာနဲ့ မြင်တွေ့နေရတာ ပါ။ လယ်သမားတွေက ဥပဒေကို နားလည်အောင် လုပ်ပါ။ နားမ လည်ရင် နားလည်တဲ့ အဖွဲ့အ စည်းတွေဆီ ချဉ်းကပ်ကြပါ’’ ဟု ၎င်းက ပြောသည်။

လယ်ယာမြေ ဥပဒေသစ် ထွက်ပေါ်လာပြီးနောက် လယ်သ မားများမှာ စိုက်ပျိုးစရိတ်ချေးငွေများကို ၀ိုင်းကြီးချုပ်စနစ်ဖြင့် ထုတ်ချေး လာရာ ချေးငွေများကို တစ်ဦးချင်းချေးပေးနိုင်ရန်ထည့်သွင်းဖော်ပြထားပြီး စိုက်ပျိုးထားသည့် သီးနှံခင်းများတွင် ရာသီဥတု ဖျက်ဆီးခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့်ပျက်စီးမှုများကို နိုင်ငံတော်ထောက်ပံ့ပေးမှုများ ပြုလုပ်နိုင်ရန် လယ်ယာမြေ ဥပဒေသစ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။ နိုင်ငံတော် ဒုသမ္မတဦးဆောင်ဖွဲ့ထားသည့် အဖွဲ့က လယ်ယာမြေပြဿနာများကို ဆောင် ရွက်လျက်ရှိနေ သည့်အတွက် လယ်သမားများမှာ ဥပဒေဘောင်အတွင်း စနစ်တကျ တောင်းဆိုကြရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း မြို့ နယ်ပေါင်း ၁၄ မြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၄၉ အုပ်စု၌ လယ်ဧကပေါင်း ၁,၇၀၀ ကျော်၊ တောင်သူပေါင်း ၁၈၆ ဦးကို ပြန်လည်ပေးအပ်ထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောသည်။

‘‘စွန့်လွှတ်ပေးရမယ့် လယ် များကို ပြန်လည်ပေးအပ်ဖို့ အ တွက် သက်ဆိုင်ရာမြေယာကော် မတီ အဆင့်ဆင့်က မှန်မှန်ကန် ကန်ဆောင်ရွက်ပေးနေတာဖြစ်ပါ တယ်။ ကျန်ရှိနေတဲ့ စွန့်လွှတ်ပေးရ မယ့် လယ်မြေတွေကို စိစစ်ဆောင်ရွက်နေပြီး အမြန်ဆုံး လယ်သမား တွေ လက်ထဲပေးအပ်ဖို့ကို ဆောင်ရွက်နေပါတယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ပြောသည်။

တိုင်းဒေသကြီး အတွင်းရှိ လယ်သမားပေါင်း တစ်သိန်းငါး သောင်းကျော်ကို လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ပုံစံ (၇)ထုတ်ပေး ပြီးဖြစ်ကြောင်း၊ ယင်းမှာ လယ်သမားဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော် ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း စား ကျက်မြေနှင့် သစ်တောမြေများ ကို ဒေသခံတောင်သူများက နှစ် ပေါင်းများစွာ ၀င်ရောက်လုပ်ကိုင် နေကြခြင်းများရှိနေသည့်အတွက်အဆိုပါမြေများကို လယ်ယာမြေ အဖြစ် သတ်မှတ်သွားရန် ဌာနဆိုင်ရာတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်နေလျက်ရှိသည်။ စား ကျက်မြေ သစ်တောမြေအဖြစ်မှ ပယ်ဖျက်သွားရန် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ်က လယ်သမားများအား အသိပေး ပြောကြားလိုက်ခြင်း ဖြစ် သည်။

7Day Daily

No comments:

Post a Comment

My Blog List