Tuesday, December 30, 2014

လွှတ်တော်ပုံမှန်အစည်းအဝေးများ ဇန်နဝါရီ ၁၉ တွင်ပြန်စမည်



အခြေခံဥပဒေပြင်ဆင် ရေးဥပဒေကြမ်း အပြီးသတ် ဆွေးနွေးအတည်ပြုရန်နှင့် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွက် နောက် ဆုံးရေးဆွဲအတည်ပြုပေး ရမည့် ဘတ်ဂျက်ကိစ္စရပ် များကို တင်ပြဆွေးနွေးမည့်ပထမ အကြိမ်လွှတ်တော် သက်တမ်း၏ (၁၂) ကြိမ်မြောက်ပုံမှန်အစည်း အဝေးများကို ၂၀၁၅ ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပမည်ဖြစ် ကြောင်းသတင်းရရှိသည်။
အခြေခံဥပဒေပြင်ဆင်ရေး မှ ထွက်ပေါ်လာမည့် လူထုဆန္ဒခံယူပွဲများကို ၂၀၁၅ မေလတွင်ပြုလုပ်သွားမည်ဟု ပြည်ထောင်စု လွှတ်တော် နာယကကပြောကြား ထားသဖြင့် ဇန်နဝါရီနှောင်းပိုင်းမှ မတ်လကုန်ခန့်အထိပြုလုပ်မည့်(၁၂) ကြိမ်မြောက်လွှတ်တော် အစည်းအဝေးများတွင် ပြင်ဆင်ရေးဥပဒေကြမ်းကို အတည်ပြုနိုင်သည်အထိ ဆောင်ရွက်ဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့ကပြောသည်။

‘‘အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို အခုလွှတ်တော်မှာ တင်သွင်းမှာပါ။ တင်နိုင်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ လောလောဆယ်တော့ ကော်မတီ မှာလုပ်ဆောင်ဆဲရှိပါသေးတယ်’’ ဟု အခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းကို တာဝန်ယူရေး ဆွဲရသည့် ပြည်ထောင်စုလွှတ် တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ကော်မတီဝင်ဒေါက်တာ စိုးမိုးအောင်ကပြောသည်။

ပြန်လည်ကျင်းပမည့်လွှတ် တော်ကာလသည် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ဆိုင်ရာကိစ္စရပ်များကို အဓိကထား ဆွေးနွေးမည်ဖြစ်ကာ အခြား ဥပဒေကြမ်းဆွေးနွေးအတည်ပြု သည့်ကိစ္စရပ်များကိုလည်း ပူးတွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူးဦးစောလှထွန်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော် အနေဖြင့် ပထမအကြိမ် သက် တမ်းကာလအတွင်း ၂၀၁၂-၁၃ ဘတ်ဂျက် စတင်ရေးဆွဲခဲ့ကာ ယခုရေး ဆွဲမည့်ဘတ်ဂျက်သည် ပထမအကြိမ်သက်တမ်းအတွက် နောက်ဆုံးရေးဆွဲရမည့် ဘတ်ဂျက်ဖြစ်သဖြင့် အထူး အလေးထားဆောင် ရွက်ရန်လိုကြောင်း ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းက ပြောကြားထားသည်။

ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်သက်တမ်းအတွင်း (၁၂) ကြိမ်မြောက်ကျင်းပမည့် အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် စတင် ကျင်းပမည်ဖြစ်ပြီး ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်း အဝေးများကို အဆိုပါနေ့ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပ မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

အစည်းအဝေး ကာလအတွင်း ပြည်ထောင်စုလွှတ်တော်သို့ပေးပို့ထားသည့် မျိုးစောင့် ဥပဒေနှင့်ပတ်သက်သော ဥပဒေကြမ်းလေးခု ကိုလည်း ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List