Wednesday, December 31, 2014

သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်း ဆက်လက် ယှဉ်ပြိုင်မည်


၂ဝ၁၅ အလွန် အစိုးရသစ် သက်တမ်းတွင် သမ္မတ မလုပ်လို တော့ကြောင်း ပြောကြားခဲ့ဖူးသည့် ဦးသိန်းစိန် က လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးထားသည်ဟု ပြည်ခိုင်ဖြိုးပါတီမှ သိရ သည်။

သမ္မတဦးသိန်းစိန်နှင့်အတူ သမ္မရုံးဝန်ကြီး အများစု ရွေး ကောက်ပွဲဝင်မည့် အကြောင်းကို ကျင်းပရန် ၁ဝ လကျော်သာ လို တော့သည့် အချိန်တွင် အမည်မ ဖော်လိုသော ပါတီအဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောကြား လိုက်ခြင်းလည်း ဖြစ် သည်။

ပြုပြင်ပြောင်းလဲမှုများကြောင့် အနောက်အုပ်စု၏ အကောင်း မြင်ခြင်းခံနေရသော ယခု အစိုးရ ခေါင်းဆောင် ဦးသိန်းစိန်ကို ပါ တီက လက်လွတ်မခံချင်ပုံ ရနေ သည့်အ တွက် ဝင်ပြိုင်စေလိုခြင်း ဖြစ်နိုင်ကြောင်း ပါတီတွင်းတွင် ပြောဆိုနေကြသည်။

ရွေးကောက်ပွဲ ဝင်နေရင်း အနိုင်ရသွားခဲ့လျှင် သမ္မတ နေရာ ကို ဦးသိန်းစိန် အနေဖြင့် လက်ရှိ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နေရာ ယှဉ်ပြိုင်ရဦးမည်ဟု ထိုသူ တို့က ပြောနေကြပြန်သည်။

”ဦးရွှေမန်းက သူ သမ္မတ ဖြစ်ဖို့ မည်သူနဲ့မဆို ယှဉ်ပြိုင်မယ် လို့ ဆိုထားတော့ ရွေးကောက်ပွဲ က ကြည့် လို့ကောင်းသွားပြီ” ဟု ပါတီအမာခံ ထောက်ခံနေသူ တစ်ဦးက ပြောသည်။

ထို့အတူ မပြီးပြတ်သေးသည့် ငြိမ်းချမ်းရေး၊ တိုးတက်ရန် လို နေသေးသော စီးပွားရေးတို့ အတွက် အတွေ့ အကြုံရှိသော ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ကိုလည်း ပါတီက လိုလားမှုရှိနေသည့်အတွက် ၄င်းတို့ကို ဝင်ပြိုင်စေလိုခြင်း ဖြစ် နိုင်ကြောင်းထိုသူကဆိုသည်။

”အမေရိကန်မှာ သမ္မတတွေ က မပြီးပြတ်သေးတဲ့ ကိစ္စတွေ ဖန်တီးခဲ့ရင် ဒါမှမဟုတ် ရှိခဲ့ရင် သူတို့တွေကို လူထုက ပြန်ဖြေ ရှင်းခိုင်းတယ်။ ဥပမာ အနေနဲ့ ပြောရရင် ကန်သမ္မတတွေက စစ်ပွဲတွေ ဖန်တီးခဲ့ရင် သူတို့တွေပဲ ပြန်အဆုံး သတ်စေဖို့ နှစ်ဆက် ပြန်ထမ်းဆောင်စေတယ်။ ဒီမှာ တော့ ဘယ်လို ဖြစ်လာ မလဲတော့ မသိဘူး” ဟုအမေရိကန်နိုင်ငံတွင် အနေကြာနေသော သူတစ်ဦးက ပြောသည်

လူထုကန့်ကွက်သော မြစ်ဆုံကို ၄င်း၏ သက်တမ်းအတွင်း ရပ်ဆိုင်းထားနိုင်ခဲ့ပြီး နိုင်ငံခြားကြွေး မြီအများ အပြားကို လျှော်နိုင်ခဲ့ သောကြောင့် လူထုထောက်ခံမှုကို ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် သိမ်းဆည်းခံ လယ်ယာမြေ ကိစ္စ၊ လက်ပံတောင်းတောင်ကိစ္စ၊ လူထု ပြင်ဆင်စေလိုသော ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ စသည်တို့ တွင် နှောင့်နှေးနေမှုတို့က လူထု ၏ ထောက်ခံမှု အပိုင်းတွင် ဦးသိန်းစိန်အတွက် စိန်ခေါ်မှုတို့ ဖြစ်လာခဲ့သည်။

ထို့အပြင် တစ်ဖက်တွင်လည်း ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် အပြတ်အသတ် အနိုင်ရခဲ့ သော NLDပါတီကိုလည်း ယှဉ် ပြိုင်ပြီး အနိုင်ရမှသာလျှင် ဦးသိန်း စိန် အတွက် ကောင်းသော အဖြေလည်း ရရှိလိမ့်မည် ဖြစ်သည်။ ပြည်ခိုင်ဖြိုး ပါတီကမူ လက်ရှိသမ္မတဦးသိန်းစိန်နှင့် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ၏ ဒုတိယ သမ္မ တလောင်းများ အဖြစ် လျာ ထားကြောင်း ပြီးခဲ့သည့် အပတ် က ထုတ်ပြောထားသည်။

၂ဝ၁၅ တွင် ပါတီတွင်းမှ ဦး အောင်သောင်း စသည့် အကြံပေး အဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင် အချို့ ရွေးကောက်ပွဲ ဝင်မပြိုင်လို တော့ကြောင်း စာရင်းပေးထား သော်လည်း လက်ရှိ အစိုးရ အဖွဲ့ ဝင် အတော် များများကမူ ဝင် ပြိုင်မည်ဟု ပါတီသို့ စာရင်းပေးထားကြသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List