Tuesday, December 30, 2014

လက်ပံတောင်းအရေး ကူညီနိုင်ရန် ဒေသခံများနှင့် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်တို့ ဆွေးနွေးမည်



ဥပဒေဆိုင်ရာ ကိစ္စရပ်များ အကူအညီပေးနိုင်ရန် ဥပဒေပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင်များ ပါဝင်သည့် အရပ်ဘက် အဖွဲ့အစည်းများက ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက် တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံ များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ တရားလွှတ် တော်ရှေ့နေ ဦးကြီးမြင့်က မဇ္ဈိမကို ပြောသည်။
ဦးကြီးမြင့်က “ဝမ်ပေါင်ကုမ္ပဏီကို ဒေသခံတွေက တရားစွဲမယ့်ကိစ္စကို ဒေသခံတွေက အကူအညီတောင်းခံလာရင် လိုအပ်တဲ့ ဥပဒေ အကြံဉာဏ်ပေးတာတွေ၊ တိုင်ပင်ဆွေးနွေးတာတွေ ပြုလုပ်ပေးသွားမှာပါ။ သူတို့လိုအပ်ချက်တွေကို ကြည့်ပြီး ကူညီဆောင်ရွက်ပေးသွားမှာပါ။ ဥပဒေရေးရာ ကိစ္စတွေကိုပဲ ဆောင်ရွက်ပေးမှာပါ” ဟု ပြောသည်။

လက်ပံတောင်းတောင် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံများနှင့် ရှေ့နေများ ကွန်ရက်၊ ပေါင်းကူးအဖွဲ့နှင့် မြန်မာ အစိမ်း ရောင်ကွန်ရက် အစရှိ သည့် အရပ်ဘက်အဖွဲ့အစည်းများမှ ဥပဒေပညာရှင်များနှင့် သဘာဝပတ်ဝန်း ကျင်ပညာရှင်များ သွားရောက်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာအစိမ်းရောင် ကွန်ရက်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဒေဝီသန့်စင်က “ဒေသခံတွေနဲ့ တွေ့ ဆုံပြီး စကားပြောမယ်။ သူတို့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး မရှင်းလင်းတာ၊ သိချင် တာရှိရင် သွားတဲ့အခိုက်မှာ ရှင်းပြမယ်” ဟု ပြောသည်။

အဆိုပါအဖွဲ့များက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသို့ သွားရောက်ရသည့် ရွည်ရွယ်ချက်မှာ “အမှန် တရားဘက်မှ ရပ်တည်ရန်၊ တရားဥပဒေဘက်မှ ကူညီပေးနိုင်သည့် အကြောင်းအရာများကို ကူညီပေးရန်၊ တိုင်ပင်ဆွေးနွေးပေးရန်၊ အားနည်းသည့်ဘက်ကူညီရန်၊ သဘာဝပတ်ဝန်းကျင် အခြေအနေများကို လေ့လာရန်” တို့ ဖြစ်သည်ဟု ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ပါဝင်သည့် လယ်ယာ မြေပေါ်တွင် ဝမ်ပေါင် ကုမ္ပဏီဝန်ထမ်းများ ခြံစည်းရိုးဝင်းခတ်မှု ကို ဒေသခံ တောင်သူများက ကန့်ကွက်ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်တွင် လုံခြုံရေးယူ ထားသော တပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းသဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List