Thursday, January 01, 2015

ပြည်သူသို့ အစီရင်ခံခြင်း ခေါင်းစဉ်ဖြင့် သမ္မတမိန့်ခွန်း ယနေ့လွှင့်မည်


၂၀၁၄ အတွင်း ဖြစ်ပေါ် ခဲ့သည့် နိုင်ငံတော်အခြေအနေနှင့်ပတ်သက်၍နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်သူများသို့ အစီရင်ခံ တင်ပြချက်ကို ယနေ့(ဇန်န၀ါရီ ၁ ရက်)နံနက်မှစတင်ကာ ပြည်တွင်းအခြေစိုက်အသံလွှင့်ဌာနများမှ တစ်ဆင့်ပြောကြားမည် ဖြစ်ပြီးမြန်မာ့ရုပ်မြင်သံကြားမှလည်း ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သမ္မတအနေဖြင့် ပြည်သူများသို့ အစီရင်ခံခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်နှစ်များက နှစ်သစ် ကူးရေဒီယိုမိန့်ခွန်းအဖြစ်သာ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သမ္မတအပါအ၀င် ဒုတိယသမ္မတများ၊ ပြည်ထောင်စု ၀န်ကြီးများအနေဖြင့်လည်း နှစ်သစ်စတင်ကူးပြောင်းသည့် ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီတွင် နှစ်သစ်ကူးမိန့်ခွန်းများ ပြောကြားခဲ့သည်။

အဆိုပါ ပြည်သူသို့ တင်ပြချက်ကို ယနေ့နံနက် ၇ နာရီမှ စတင်ကာ ပြည်တွင်းအခြေစိုက် အသံလွှင့်ဌာနများဖြစ်သည့် မြန်မာ့အသံ၊ မန္တလေး FM၊ ပဉ္စ၀တီ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ FM ပုဂံနှင့် သဇင်အသံလွှင့်ဌာနများမှ တစ်နေ့လျှင်လေးကြိမ် ထုတ်လွှင့်မည်ဖြစ်ပြီး ရုပ်မြင်သံကြားထုတ်လွှင့်မှုကို MRTV မှ ယနေ့ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့်မည်ဖြစ်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်အနေဖြင့် ၂၀၁၂ ခုနှစ်မှ စတင်ကာလစဉ်ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။

ရေဒီယိုမိန့်ခွန်းများ စတင်ပြောကြားစဉ်က လူထုစိတ်ဝင်စားမှုများရှိခဲ့ပြီးနောက်ပိုင်းတွင် ရေဒီယိုမိန့်ခွန်းအပါအ၀င် သမ္မတ၏ပြော ကြားချက်များကို လူထုစိတ်ဝင်စားမှုလျော့ပါးလာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ဆိုသည်။

ဒီဇင်ဘာ၃၀ရက်က သမ္မတဦးသိန်းစိန် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ သောက်ရေခပ်(၂)ရေအားလျှပ်စစ်စီမံကိန်းဖွင့်ပွဲ အခမ်းအနားတွင် အမှာစကားပြောကြားနေစဉ်(ဓာတ်ပုံ-သမ္မတရုံး)
7Day Daily

No comments:

Post a Comment

My Blog List