Friday, January 02, 2015

ဒီချုပ်ရုံးအဆောက်အအုံသစ်ဆောက်လုပ်ရေး လုပ်ငန်းရှင်များ လျှောက်ထားနိုင်



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ရုံးချုပ် အ သစ်ဆောက်လုပ်ရန် မြန်မာနိုင်ငံ သား၊ တိုင်းရင်းသားလုပ်ငန်းရှင် များ ဆောက်လုပ်ခွင့်လျှောက် ထားနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။ ထိုသို့ ကြေညာချက်မှာ မြန်မာနိုင်ငံသားဖြစ်သော် လည်း တိုင်းရင်းသားမဟုတ်သူ လူမျိုးခြားများ ဆောက်လုပ်ခွင့်မရနိုင်ဟူသော သဘောသက်ရောက်နေသည့် အပေါ် NLD တာဝန်ရှိသူအချို့က ရှင်းလင်းရန် ငြင်းဆိုခဲ့သည်။
‘‘ဒီအတိုင်းသာမှတ်ထားပါ။ ဒါကိုရှင်းပြဖို့က တော်တော်ခက် ပါတယ်’’ဟု ပါတီရုံးချုပ်ဆောက် လုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆောက်လုပ်ခွင့်ရရှိရေးအ တွက် အဆိုပြုလွှာလျှောက်ထား သူသည် ကန်ထရိုက်တာလိုင်စင် ရှိရမည်ဖြစ်ပြီး အဆောက် အအုံ တည်ဆောက်ရေး လုပ်ငန်းအ တွက် ကုန်ကျစရိတ်များကို လုပ် ငန်းများ ရာနှုန်းပြည့်ပြီးစီးသည်အထိ စိုက်ထုတ်ကျခံ သုံးစွဲထားရ မည်ဖြစ်ကြောင်း စည်းကမ်းသတ် မှတ်ချက်တွင် ပါရှိသော်လည်း ကုန်ကျစရိတ်များ၌ မည်သည့်ကာလတွင် ပြန်လည်ပေးအပ်မည် ဆိုသည်ကိုမူဖော်ပြထားခြင်း မရှိချေ။အဆောက်အအုံဆောက် လုပ်ခြင်းကို ရှစ်လအတွင်း အပြီး သတ်ဆောက်လုပ်ရမည်ဖြစ်ပြီး NLD မှ ဖွဲ့စည်းထားသည့် ရုံးချုပ် တည်ဆောက်ရေးကော်မတီ၏ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာနိုင်ရမည် ဟု ဇန်န၀ါရီ ၁ ရက်တွင် ထုတ်ပြန်သည့် အဆိုပါကြေညာချက်၌ ဖော်ပြသည်။

အဆိုပြုလွှာများကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဇန်န၀ါရီ ၉ ရက် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်သည်။

မူလတည်ရှိသည့် နှစ်ထပ် အဆောက်အအုံမှာ ကျဉ်းမြောင်းကာ နေရာအခက် အခဲဖြစ်ပေါ်လာ၍ အဆိုပါမြေနေရာ၌ပင် အထပ်ခြောက်ထပ်ရှိသည့် အ ဆောက် အအုံတစ်ခု တည်ဆောက်မည်ဖြစ်ပြီး ပိုင်ရှင်ဒေါ်အောင်ဆန်းစုကြည်အမည်ဖြင့် မြို့တော်စည်ပင်အဆောက်အအုံဖျက်သိမ်းခွင့်၊ ဆောက်လုပ်ခွင့်ချ ထားပေးပြီး ဖြစ်သည်။

လက်ရှိအနေအထားတွင် မူလရုံးဟောင်းကို ဖြိုချထားပြီ ဖြစ်ပြီး အဆိုပါ ရုံးဟောင်း၏ ကပ်လျက်အဆောက်အအုံများတွင် ရုံးချုပ်ကို ပြောင်းရွှေ့ဖွင့် လှစ်ထားသည်။

7 day

No comments:

Post a Comment

My Blog List