Monday, December 29, 2014

မန္တလေးတွင် ဗိုလ်ချုပ် နှစ် (၁၀၀) ပြည့်ပွဲ စတင်တော့မည်


မန္တလေးမြို့မိမြို့ဖများ၊ စာပေအနုပညာရှင်များ၊ လူမှုအ ဖွဲ့အစည်းများ စုပေါင်းကာ ဦးစီး ကျင်းပမည့် ဗိုလ်ချုပ် နှစ် (၁၀၀) ပြည့်ပွဲတော်ကို ဇန်န၀ါရီ ပထ မပတ်မှစတင်ကာ ကျင်းပသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ၂၀၁၅ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့)မှစတင်ကာ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲကျင်းပရေးကော်မတီရုံးရှိရာ ၈၄ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား တွင် စာပေဟောပြောပွဲများ၊ အော်ပရာကဇာတ်များ၊ အငြိမ့်ခန်းများ ဖြင့် စတင်ကျင်းပသွားမည်ဖြစ် ကြောင်း ရာပြည့်ပွဲတော်ကျင်းပ ရေးကော်မတီက သတင်းထုတ်ပြန်သည်။

အစီအစဉ်များတွင် စာရေး ဆရာဇော်ခိုင်ဦးက ဟောပြောခြင်း၊ဗိုလ်ချုပ် အောင်ဆန်းအမှတ်တရ အနုပညာဂုဏ်ပြုတင် ဆက်ခြင်း၊ မန္တလေးသဘင်ဂီတ အနုပညာရှင်များနှင့် ဒါရိုက်တာ တင်အောင် နိုင်၏ ‘‘သမိုင်းပြင်သူ၊ သမိုင်းဆင်သူ၊ သမိုင်း မြင်သူ’’အော်ပရာကပြ ခြင်း၊ မြို့မတေးဂီတနှင့် ရတနာပုံ သန်းဌေးအောင် ဆိုင်းအဖွဲ့တို့ တွဲ ဖက်၍ ပန်တျာဌေးဌေးမြင့်၊ လူရွှင်တော် ထင်ပေါ်၊ ထင်ကျော်၊ ဂျာ အေးတို့၏ အငြိမ့်ခန်းများအား ည ၇ နာရီမှ စတင်ကာ တင်ဆက် ဖျော်ဖြေသွားမည်ဟု သိရသည်။
ထို့အပြင် ရာပြည့်ပွဲတွင် ကလေးငယ်များအတွက် စာစီစာ ကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ဟောပြောပွဲများပြုလုပ်ပေးခြင်း၊ စာရေးဆရာများက ဗိုလ်ချုပ် အောင်ဆန်းအမှတ်တရဟော ပြောခြင်း၊ ဓာတ်ပုံ၊ ပန်းချီ၊ ကာ တွန်းများပြသခြင်း၊ ဂီတ၊ အငြိမ့်၊ သဘင်များဖြင့် ဖျော်ဖြေခြင်း၊ စကျင်(သို့မဟုတ်)ကြေးဖြင့် ဗိုလ် ချုပ်ရုပ်တုအား သင့်လျော်သည့် နေရာတွင် စိုက်ထူခြင်း၊ သံဃာ အပါး ၁၀၀ အား ဆွမ်းကပ်ခြင်း၊ ပရိသတ်အား ပဲပြုတ်နှင့် နံပြား ကျွေးမွေးခြင်း၊ ဗိုလ်ချုပ်အောင် ဆန်း အနှစ် (၁၀၀) ပြည့် မဂ္ဂဇင်း ထုတ်ဝေခြင်း၊ ပွဲပြီးပါက လက် ကျန်ငွေများဖြင့် မတည်လျက် ကလေးငယ်များ၏ ပညာရေးကို အဓိကထောက် ပံ့ကူညီရန် ဗိုလ် ချုပ်ရာပြည့်ဖောင်ဒေးရှင်းထူ ထောင်ခြင်းအစရှိသည့် အစီအစဉ်များကိုလည်း ၂၀၁၅ နှစ်ဆန်းအတွင်း ဆက်လက်ဆောင်ရွက် သွားမည်ဟု ကော်မတီ တာဝန်ယူထားသူများက ပြောကြားသည်။
7Day News Journal

No comments:

Post a Comment

My Blog List