Tuesday, December 30, 2014

အကယ်ဒမီပွဲက ရယ်စရာကောင်းတယ်ဆိုတဲ့ နေတိုး



အကယ်ဒမီဆုနှင့် လွဲ ချော်ခဲ့ရသော နေတိုးက အကယ် ဒမီပွဲတက်နေစဉ် တစ်လျှောက်လုံး ခံစားချက်သုံးမျိုး ခံစားခဲ့ရ ကြောင်း ပြောကြားသည်။ ‘‘ပွဲကို ကျွန်တော်ပြန်သုံးသပ် ပေးရရင်တော့ ပထမပိုင်းမှာ ပျော်စရာကောင်းနေ တယ်။ ဒုတိယ ပိုင်းမှာ အရမ်းဝမ်း သာဖို့ ကောင်းတယ်။ နောက်ဆုံးမှာတော့ ရယ်စရာကောင်းနေပါတယ်။ ဒါကျွန် တော့် ခံစားမှုပါ’’ ဟု နေတိုးက ၎င်း၏ အကယ်ဒမီ ခံစားချက်ကို ပြောသည်။
ယခုနှစ် အကယ်ဒမီပေးပွဲ တွင် ထူးချွန်ဆုပေးချိန်၌ အနု ပညာရှင်အားလုံး၏ ပျော်ရွှင်စရာ များကြောင့် ပျော်ရွှင်သည့်စိတ် ဖြစ်ပေါ်ခဲ့ပြီး ဒုတိယပိုင်း ဒါရိုက် တာများပေးအပ်ချိန်ထိ ၀မ်းသာ ခဲ့ရကြောင်းနှင့် နောက်ဆုံးဆုကြေ ညာချိန်တွင် ရယ်စရာကောင်းခဲ့ ကြောင်း သရုပ်ဆောင်နေတိုးက ပြောသည်။

‘‘ကျွန်တော်ပြောတာကို ပရိ သတ်တွေလည်း ကိုယ်တိုင်ခံစား ရမယ်လို့ ထင်ပါတယ်’’ ဟု ဆို သည်။

အကယ်ဒမီပေးပွဲတွင် ဆု နှင့် လွဲချော်ခဲ့ရပြီး ဆုမရရှိမှန်းကို ပွဲချိန်တစ်ဝက်ကျိုး ကတည်းက ကြိုတင်သိရှိနေခဲ့ကြောင်း နေတိုးက ပြောသည်။

အတတ်ပညာပိုင်းဆိုင်ရာ ဆုများ မချီးမြှင့်ခဲ့သည်ကို သ ဘောမကျကြောင်း ဆိုသည်။

ဇာတ်ကားများ ရိုက်ကူးရာတွင် အကယ်ဒမီဆုကို မျှော်မှန်း၍ ရိုက်ကူးခဲ့ခြင်း မဟုတ်ဘဲ ရှေ့နှစ်များတွင်လည်း ဆုရသည်ဖြစ် စေ၊ မရသည်ဖြစ်စေ ဇာတ်ကား များကို ရသစုံအောင် ရိုက်ကူး သွားမည်ဖြစ်ကြောင်း၊ အားပေးသည့် ပရိသတ် များကိုလည်းအလွန်မမျှော် လင့်စေလိုကြောင်း သတင်းစကားပါးခဲ့သည်။

၂၀၁၃ အတွက် အကယ် ဒမီဆုပေးပွဲတွင် အမျိုးသား ဇာတ်ဆောင်ဆု အတွက် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး အကယ်ဒမီဆုကို နင်စေရင် ဇာတ်ကားဖြင့် သရုပ် ဆောင်ပြေတီဦး ရရှိခဲ့သည်။

အကယ်ဒမီနေတိုးသည် အဖြူရောင်ရဲတိုက်၊ စေတန်ရဲ့ ကချေသည်၊ ကြယ်စင်မော်ကွန်းနှင့် စုန်း ပြူးဇာတ်ကားတို့ဖြင့် ပရိသတ်၏ တစ်ပေးခြင်း ခံခဲ့ရသည်။

7Day News Journal

No comments:

Post a Comment

My Blog List