ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေး တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဇန်န၀ါရီ ၄ ရက်လွတ်လပ်ရေးနေ့ နေပြည်တော်မှာ ပြုလုပ်ကျင်းပမယ့် ဗိုလ်ရှုသဘင်အခမ်းအနားကို တက်ရောက်မှာ မဟုတ်ဘူးလို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မယ့် လွတ်လပ်ရေး
နေ့အခမ်းအနားကို တက်ရောက်မှာဖြစ်တယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။
အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ ဗိုလ်ရှုသဘင်အခမ်းအနားကို မဏ္ဍိုင်ကြီး ၃ ရပ်က အကြီးအကဲတွေ၊ တပ်မတော်အရာရှိကြီးတွေ၊ လွှတ်တော်နှစ်ရပ်က ရေးရာကော်မတီ ကော်မရှင်ဥက္ကဋ္ဌတွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့က ခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို ဖိတ်ကြား ထားတယ်လို့ သိရပါတယ်။
ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကလည်း နေပြည်တော် ဗိုလ်ရှု သဘင်အခမ်းအနားကို တက်ရောက်မှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ ပါတီပြောခွင့်ရသူ ဦးစိုင်းညွန့်လွင်က “ကျနော်တို့က အကုန်လုံးက ခရီးစဉ် ပြည့်နေတယ်။ ကျနော်တို့ကတော့ သွားဖြစ်မယ်မ ထင်ဘူး။ အကြောင်းပြန်လိုက်ပြီ။ SNLD အနေနဲ့တော့ ဘယ်သူမှ မသွားတော့ဘူး” လို့ ပြောပါတယ်။
DVB
No comments:
Post a Comment