Monday, December 29, 2014

'၂ဝ၁၃မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရ အကယ်ဒမီပိုင်ရှင်များနှင့် တွေ့ဆုံခြင်း'


၂ဝ၁၃ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲတွင် အကယ်ဒမီရရှိခဲ့ကြသူများနဲ့ အခုလို့ပဲ ခဏတာတွေ့ ဆုံမေးမြန်းဖြစ် ခဲ့ပါတယ်။

အကောင်းဆုံးဒါရိုက်တာဆု
********************************************************************
အကယ်ဒမီဒါရိုက်တာဝိုင်း (စေတန်ရဲ့ကချေသည် ရုပ်ရှင်ဇာတ်ကား)

''ဒီနှစ် အကယ်ဒမီပေးပွဲမှာ ကျွန်တော်ရဲ့အမြင်ကိုပြောရမယ် ဆိုရင်တော့ ဒီနှစ်ကပရိသတ်တွေ ရဲ့ ဆန္ဒနဲ့ အမှတ်ပေးတဲ့ ဒိုင်လူကြီး တွေ အနုပညာရှင်တွေရဲ့ ဆုံးဖြတ် ချက်နဲ့တစ်ထပ်တည်း ကျပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒီအချက် က အရမ်းအရေးကြီးလို့ပါ။ အကယ်ဒမီပေးပွဲမှာ ကျန်နေခဲ့တဲ့ဆုတွေက ဘာဖြစ်လို့ ကျန်ခဲ့တယ်ဆိုတာကို တော့ ကျွန်တော်သေချာမသိပါဘူး။ သေချာတာကတော့ အမှတ်ပေး ဒိုင် လူကြီးတွေ သတ်မှတ်ထားတဲ့ စည်း မျဉ်း စည်းကမ်းတွေကလဲ သူတို့ပဲ သိမှာလေ အဲဒီ စည်းမျဉ်းစည်းကမ်း နဲ့မကိုက်ညီ တာတွေစံချိန်းစံညွှန်းနဲ့ လိုအပ်ချက်တွေရှိနေတဲ့အတွက် ကျန် နေခဲ့တဲ့ဆုတွေကို မပေးတာလို့ကျွန် တော် ကတော့ ထင်ပါတယ်။ ဒီနေ့ အကယ်ဒမီဆုကိုကျွန်တော်ရလိုက် တာက ကျွန်တော်အတွက်တော့ တာဝန် တစ်ခုပိုလာတာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အကယ်ဒမီဆိုတာက ကျွန် တော်တို့အတွက်တော့ ထူးချွန်ဆုတစ် ဆုပါပဲ။ အဲဒီလိုမျိုး ထူးချွန်ဆုတစ်ဆု ကို ကျွန်တော်ရလိုက်တာက ကျွန် တော့်ပခုံးပေါ်ကို တာဝန်တစ်ခုပိုလာ တာကတော့ အသေချာပါပဲ။အကယ် ဒမီဆုရ သွားပြီ ဆိုတော့ကျွန်တော့်အ တွက် ဘာတွေထူးခြားသွားမလဲဆို တာကတော့ ကျွန်တော့်အတွက်တာ ဝန်တစ်ခု ပိုလာတာကလွဲပြီး မရှိ ပါဘူး။ ကျွန်တော်က အရင်ကတည်း က အနုပညာတစ်ခုကို ဖန်တီးတဲ့ နေရာမှာ အကောင်းဆုံး ဖြစ်အောင် ဖန်တီးတဲ့အတွက် ကျွန်တော်သေ တဲ့အထိ အနုပညာတွေကို ဖန်တီး သွားမှာပါ။ ဒီနေ့အကယ်ဒမီက ကျွန် တော်အနုပညာသက်တမ်း ဆယ်စုနှစ် တစ်ခုကျော်ပြီးတော့မှ ရရှိလာတဲ့ ရုပ်ရှင်နဲ့ပတ်သက်တဲ့ ထူးချွန်ဆု တစ်ခုပါ။''

အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု 
*****************************************************
အကယ်ဒမီခိုင်သင်းကြည် (စုန်းပြူးရုပ်ရှင်ဇာတ်ကား)

''မခိုင်အနုပညာလောကကို လျှောက်လမ်းခဲ့တာက အနှစ်နှစ် ဆယ်ကျော်နေပါပြီ။ အနှစ်နှစ်ဆယ် ကျော် အနုပညာလောကကို ဖြတ် သန်းခဲ့ပြီးတော့မှ အကယ်ဒမီဆု ကိုသိမ်းပိုက်နိုင်ခဲ့တာပါ။ ခိုင်သင်း ကြည်ဆိုပြီးတော့ ကြော်ငြာလိုက်တဲ့ အချိန်မှာ မခိုင် အရင်ဦးဆုံးပရိ သတ်တွေကို သတိရလိုက်မိပါတယ်။ ပြီးတော့ မခိုင်တွေးလိုက်မိတာ တစ်ခု ဒီနှစ်တော့ မခိုင်အကယ်ဒမီရပြီဆို တာပါပဲ။ မခိုင်ကအကယ်ဒမီဆိုရင် အမြဲတမ်းလွဲခဲ့တယ်။ အဲဒီအတွက် မခိုင်ကိုယ်တိုင်လဲ ဒီနှစ်မှ ပရိသတ် တွေက မှန်းပေးထားတယ်။ မခိုင် ကိုယ်တိုင်ကလဲ ကိုယ်ရဲ့ကျေးဇူး ရှင်၊ ထမင်းရှင်တွေကိုဘာမှမလုပ် ပေးနိုင်သေးတော့ မခိုင်အကယ်ဒမီ တကယ်လိုချင်ခဲ့တယ်။ ဒီနေ့ရလိုက်တဲ့ အကယ်ဒမီက မခိုင်အတွက် အမှတ် တရ ဖြစ်စေတာကတော့ ဒီနှစ်က အစည်းအရုံးက တာဝန်ယူပေးတဲ့ နှစ်မှ မခိုင်အတွက်လဲ ပထမဦးဆုံး အကယ်ဒမီဖြစ်တဲ့ အတွက် တကယ် ကို အမှတ်တရ ဖြစ်ခဲ့ပါတယ်။ပိုပြီး တော့လဲ ဂုဏ်ယူတယ်။ အကယ် ဒမီရလိုက်တာက မခိုင်အတွက် တာ ဝန်ပိုကြီးသွားလားဆိုတော့ တာဝန် ကတော့ အရင်ကတည်းက ကြီးပါ တယ်လေ။ မခိုင်ဆိုရင် ပရိသတ်တွေ က သွက်သွက် လက်လက်ကလေးတွေ ဆိုရင် ပိုပြီးတော့ ကြိုက်ကြတယ်။ ဒါပေမဲ့ အခု အကယ်ဒမီရတာကျ တော့ အေးအေးဆေးဆေး ကာရိုက် လေးကို သရုပ်ဆောင်ရင်းနဲ့ အကယ် ဒမီရတာပေါ့နော်။ မခိုင်ကတော့ အနုပညာ အလုပ်တွေကို ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် လုပ်သွားမှာ ပါ။ စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီး မှာဆိုရင် မခိုင်နဲ့အတူတူ ဇာတ်ပို့ သရုပ်ဆောင်တဲ့ သင်ဇာတို့လဲကောင်း တယ်။ မသိင်္ဂီတို့လဲ သရုပ်ဆောင် ကောင်းတယ်။ မခိုင်ကတော့ အ ကောင်းဆုံးတွေထဲကနေပြီး ကံကောင်း လို့ရသွားတာပါ။''

အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု 
*************************************************
အကယ်ဒမီမင်းဦး (နင်စေရင် ရုပ်ရှင်ဇာတ်ကား)

''ကျွန်တော်ဒီနေ့အကယ်ဒမီ ရတာကဒါရိုက်တာဝိုင်းကြောင့်ပါ။ သူရဲ့ဖေးမ ကူညီပေးမှုတွေကြောင့် ကျွန်တော်ဒီထူးချွန်ဆုကိုရတာပါ။ 'နင်စေရင်'ရုပ်ရှင်ဇာတ်ကားကြီးကို ကျွန်တော်တို့ ရိုက်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ သရုပ်ဆောင်တွေ အား လုံးပြန်ကြည့်ပြီးတော့ ဒီဇာတ်ကား လေးထဲမှာပါတဲ့ သရုပ်ဆောင်တွေ အားလုံး အကယ်ဒမီ ရမယ်ဆိုရင် သိပ်ကောင်းမှာပဲဆိုပြီးတော့ သရုပ် ဆောင်တွေ အားလုံးဝိုင်းပြီး ဆုတောင်း ခဲ့ကြပါတယ်။ အခုတော့ ကျွန်တော် တို့ရဲ့ ဆုတောင်းပြည့် သွားပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် ကျွန်တော် ရဲ့ လုပ်ကွက်က သိပ်မရှိပါဘူး။ ဒါ ပေမဲ့လဲ ကျွန်တော်လုပ်ရတဲ့ ဇာတ်ဝင် ခန်းတိုင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့ အတွက် ဒီဆုကိုရတာလို့ တော့ ထင်ပါတယ်။ ''နင်စေရင်'' ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကျွန် တော်အကြိုက်ဆုံးအခန်းကတော့ ဂါဂါက သူချစ်သူနဲ့လက်ထပ်ဖို့ ကျွန် တော့်ဆီက လွတ်လပ်ခွင့်တောင်းတဲ့ အချိန်မှာ ကျွန်တော့်ဘက်က သူကို မစွန့်လွှတ်နိုင်တာကို သိပြီးတော့ လက်ထပ်ဖို့ ပြင်ဆင်တဲ့အချိန်ကို အဲဒီ ဇာတ်ဝင်ခန်းကို အကြိုက်ဆုံးပါပဲ။

အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု 
*********************************************************
အကယ်ဒမီဝတ်မှုံရွှေရည် (နင်စေရင် ရုပ်ရှင်ဇာတ်ကား)

''ဒီနှစ်ကအစည်းအရုံးကနေ ပြီးတော့ တာဝန်ယူပြီးတော့ပေးတဲ့ နှစ်ဖြစ်တဲ့အတွက် ကစ်ကစ်တို့ဒီနှစ် မှ အကယ်ဒမီရလိုက်တဲ့ သရုပ်ဆောင် တွေ အားလုံးအတွက်တော့ တစ်သက် လုံး မေ့လို့မရတဲ့ အမှတ်တရတစ်ခု ပါပဲ။ အကဲဖြတ်အဖွဲ့ကလဲ တကယ် ရသင့် ရထိုက်တဲ့သူတွေကိုပေးတာ လို့တော့ ကစ်ထင်ပါတယ်။ အရင်နှစ် ကအကယ်ဒမီပေးပွဲနဲ့ ဒီနှစ်အကယ်ဒမီပေးပွဲရဲ့ ကွာဟချက်က ဘာဖြစ် မလဲဆိုတော့ ကစ်လဲ သေချာတော့ မသိဘူးပေါ့နော်။ ဒါပေမဲ့သေချာ တာကတော့ ဖျော်ဖြေရေးအပိုင်း ကလဲ အရင်နှစ်တွေကထက်ပို သာတယ်။ စတိတ်အပြင်အဆင်က လဲ အရင်နှစ်တွေကထက် ကွာ တယ်လို့တော့ ကစ်ထင်ပါတယ်။ ကစ်က အခုချိန်မှ သူများတွေထက် အနုပညာ သက်တမ်းနုပါသေးတယ်။ အဲဒီလိုအချိန်မျိုးမှ ဒီဆုကိုရတယ်။ ပြီးတော့ ဒီဇာတ်ကားက ကစ်အတွက် အမှတ်တရလဲ ဖြစ်တယ်။ ကစ်သေ ချာကြိုးစားပြီးတော့ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားနဲ့ အကယ်ဒမီရတဲ့အတွက် ကစ်အရမ်းကိုပျော်ပါတယ်။''

အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု 
**********************************************************
ထပ်ဆင့်ကယ်ဒမီပြေတီဦး (နင်စေရင် ရုပ်ရှင်ဇာတ်ကား)

''ကျွန်တော်နဲ့ကိုဝိုင်းနဲ့တွဲပြီး တော့ ရိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား သုံးကားမှ သုံးကားစလုံးမှာ ပါဝင် တဲ့ မင်းသမီးသုံးယောက်စလုံးအ ကယ်ဒမီရခဲ့တယ်။ အဲဒီအတွက် ကျွန် တော့်ညီမတွေအပေါ်မှာ ကျွန်တော့် ဘက်က တာဝန်ကျေတယ် လို့ထင် တယ်။ ကျွန်တော်ကိုယ်တိုင်အကယ် ဒမီမမှန်းခဲ့ဘူးဆိုတာက ကိုယ်ကရှေ့ မှ အရမ်းပြောပြီးတော့မှ မရရင်အရှက် ကွဲမှာလေ။ အဲဒါကြောင့် ကျွန်တော် စိတ်လျှော့ထားတယ်။ မရနိုင်ဘူးလို့ပဲ စိတ်ထဲက မှတ်ယူထားခဲ့တာပါ။ ဘယ်လောက်ပဲ ရင်မခုန်ဘူးလို့ ပြော ပြောဗျာ။ တကယ်လဲ ကိုယ့်နာမည် ကိုကြေညာလိုက်တဲ့အချိန်မှာ ရင် ခုန်သံတော်တော် ကျယ်တယ်ဗျာ။ ကိုယ့်လောကသားတွေကပေးတဲ့ဆု ကိုရတာ အရမ်းကို တန်ဖိုးရှိပါ တယ်။ ကျွန်တော်က ဘယ်အရာကို ပဲဖြစ်ဖြစ် သေခါမှပဲဇွဲလျှော့မှာပါ။အဲဒီအတွက် ကျွန်တော်ကတော့ အမြဲတမ်းကြိုးစားနေဦးမှာပါ။

Yangon Media Group

No comments:

Post a Comment

My Blog List