Thursday, January 01, 2015

၂၀၁၅-၁၆ ပညာသင်နှစ်တွင် ငွေကျပ် သန်းလေးသောင်းကျော် သုံးကာ အခမဲ့ပညာ သင်ပေးမည်


ပညာရေးကဏ္ဍ တိုးတက်လာစေရန်အတွက် နိုင်ငံတော်က ငွေကျပ်သန်းပေါင်း လေးသောင်းကျော် အသုံးပြုကာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့ကို အခမဲ့ ပညာသင်စနစ်ဖြစ်စေရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက ပြောကြားသည်။

“ပညာရေးကဏ္ဍဟာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ဖို့၊ ရင်းနှီးမြှုပ်နှံဖို့က အဓိက ဖြစ်တယ်။ ဆည်မြောင်းတွေ ဖောက်လုပ်ဖို့ ငွေကျပ် ဘီလီယံနဲ့ချီပြီး မြှုပ်နှံမယ်ဆိုရင် တစ်ရွာကိုပဲ သွားလာနိုင်မှာ ဖြစ်တယ်၊ ပညာရေး ကဏ္ဍမှာ မြှုပ်နှံမယ်ဆိုရင် ပညာတတ်သူတွေ နေရာတိုင်း မှာ အကောင်အထည်ဖော်  ဆောင်ရွက်သွားနိုင် မှာ ဖြစ်တယ်။ ဒါ့ အတွက် ၂၀၁၅-၁၆ မှာထက် လယ်မူ အခမဲ့ပညာသင်စနစ် ဖြစ်အောင် လျာထား ဆောင် ရွက်နေတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ပညာရေးကဏ္ဍတွင် ၂၀၁၁-၁၂ ခုနှစ် မှ စတင်ကာ မူလတန်းအဆင့်ကို အခမဲ့ ပညာသင်စနစ်  ဖြစ်စေရေး အတွက် ငွေကျပ် ၁,၈၄၄ ဒသမ ၀၂၀ သန်း ၊ ၂၀၁၂-၁၃ ခုနှစ်တွင် ငွေကျပ် ၇,၄၅၇ ဒသမ ၄၃၉ သန်း၊ ၂၀၁၃-၁၄ ခုနှစ်တွင် ၁၄,၇၃၀ ဒသမ ၄၃၇ သန်း သုံးစွဲခဲ့ပြီး ၂၀၁၄-၁၅ ခုနှစ်တွင် အလယ်တန်း ပညာသင် စနစ်ကို အခမဲ့လုပ်ဆောင်ခဲ့သည်။ မူလတန်း ကျပ်သန်း ၁၇,၀၀၀ ကျော်၊ အလယ်တန်း ကျပ်သန်း ၄,၄၀၀ ကျော် သုံးစွဲထားသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်မူ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် အားလုံးကို အခမဲ့ပညာသင် စနစ် ဖြစ်စေရန် မူလတန်းကို ကျပ်သန်း ၁၈,၀၀၀ ကျော်၊ အလယ်တန်း ကျပ်သန်း ၆,၆၀၀ ကျော်၊ အထက် တန်း ကျပ်သန်း ၃,၉၀၀ ကျော်ကို ထပ်တိုးသုံးစွဲသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

“၂၀၁၅-၁၆ အခြေခံမူအဆင့်မှာ ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ကျောင်း ၀တ်စုံတစ်စုံ၊ အလယ်တန်း ကတော့ ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ကျောင်းလခ၊ အထက်တန်းမှာလည်း ကျောင်းလခ၊ နောက် ကျောင်း သုံးပုံနှိပ်စာအုပ် အခမဲ့ပေးနိုင်ဖို့ လျာထားတင်ပြ ထားပါတယ်” ဟု ဒုတိယ၀န်ကြီးက ဆက်လက်ပြောသည်။

ပညာသင်ကြားရေးနှင့် ပတ်သက်သော ကိစ္စရပ်များကို လုပ်ဆောင်ခြင်းအပြင် ပညာသင်ဆုနှင် ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ ဆရာ၊ ဆရာမများကိုတိုးချဲ့ခန့်ထားခြင်း၊ ကျောင်းများ ပြုပြင်မှုများကို လုပ် ဆောင်ရန် ပြုပြင်စရိတ်များ ထုတ်ပေးခြင်းတို့ကိုလည်း နှစ်အလိုက် တိုးမြှင့်လုပ်ဆောင်ပေးလျက် ရှိသည်ဟု ဆိုသည်။

ထို့ကဲ့သို့ လုပ်ဆောင်ခြင်းကြောင့် ကျောင်းသားဦးရေမှာ ၂၀၁၄-၁၅ခုနှစ် ပညာသင်နှစ်တွင် ၈,၈၀၃,၇၉၀ ဦးအထိ တိုးတက်လာခဲ့ပြီး ဆရာ၊ ဆရာမဦးရေမှာလည်း ၃၀၇,၅၃၃ ဦးအထိ ရှိလာခဲ့သည်ဟု ပညာရေး ဝန်ကြီးဌာနရှိ စာရင်းများတွင် ဖော်ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List