Friday, January 02, 2015

မိမိပိုင်တောင်ယာ၌ နေထိုင်သော်လည်း ကျူးကျော်ဟုဆိုကာ နေပြည်တော် တရားရုံးက ပုဒ်မ ၂၆ ဖြင့် ၇၄ နှစ်အရွယ် တောင်သူတစ်ဦးအား ထောင်ဒဏ်ချမှတ်


၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် နေပြည်တော် စည်ပင်သာယာတရားရုံးက ပုဒ်မ ၂၆ ဖြင့် ၇၄ နှစ်အရွယ် တောင်သူတစ်ဦးအား ထောင်တစ်လ ချမှတ်ခဲ့ကြောင်း သိရသည်။နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကုလားကြီးကုန်းကျေးရွာရှိ ဒေသခံတောင်သူများမှ မိမိတို့ပိုင်ဆိုင်သည့် လယ်ယာမြေများပေါ် တွင်နေ ထိုင်ကြသည့် အိမ်ထောင်စု ၅ဝ ကျော် အား နေပြည်တော်စည်ပင်က ကျူးကျော်အ ဖြစ်သတ်မှတ်ကာ တရားစွဲဆိုထားသည့် တောင်သူ ၃ဝ ကျော်ရှိကြောင်း၊ အဆိုပါ တောင်သူ ၃ဝ ဦးထဲမှ အသက် ၇၄ နှစ်ရှိ တောင်သူ ဦးအောင်ဝင်းအား ဇန်ဝါရီ ၁ ရက် တွင် နေပြည်တော်စည်ပင်သာယာတရားရုံးမှ ထောင်ဒဏ် တစ်လချမှတ်ပြီး ရမည်းသင်း ထောင်သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာ အိမ်ဝိုင်းမရှိလို့ ကိုယ့်ယာမြေပေါ်မှာ အိမ်ဆောက်ပြီးနေတာ ပါ။ အရင်ကလည်း သစ်တောက တရားစွဲလို့ ထောင်တစ်လကျပြီးပြီ။ အခုလည်း စည်ပင်က တရားစွဲလို့ထောင်ကျဦးမယ်။ သူတို့ ထောင်ချလည်း အကျခံရမှာပဲ။ နေစရာမှမရှိတာ။ သမ္မတဦးသိန်းစိန် ပြောတာကတော့ အိမ်ခြေ ၅ဝ ကျော်ရင် နေရာချထားပေးမယ်တဲ့။ အခု ပေးရမှာကြောက်လို့ လူခွဲပြီးတော့ မတရားတဲ့ နည်းနဲ့တရားစွဲ တယ်။ ဒီနေ့ဆိုရင်ကျွန်တော့် တစ်ယောက်ပဲ ထောင်ချမယ်။ နောက်ရက် တွေမှာလည်း ကျွန်တော်တို့ ရွာကသူတွေကိုလည်းေ ထာင်ထပ်ချဦးမှာပဲ”ဟု ထောင်တစ်လ ချမှတ်ခံရသည့် တောင်သူဦးအောင်ဝင်းက စီရင်ချက်မချမီ သတင်းထောက်များအား ပြောကြားသည်။

နေပြည်တော်စည်ပင်သာယာတရားရုံး တွင် ကျူးကျော်အဖြစ်တရားစွဲဆို ခံထားရသည့် ဒေသခံပြည်သူများ နေ့စဉ်လာရောက်တရား ရင်ဆိုင်သူ တစ်ရက်လျှင် ၁ဝ ဦးကျော်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်ကိုလည်း ဇန်နဝါရီ ၈ ရက် မှာ အမိန့်ချမယ်။ ကျွန်တော်တို့မှာ လယ်ဝေး မြို့နယ် မြေစာရင်းရုံးက မြေယာလုပ်စားပိုင် ခွင့်ထုတ်ပေးထားတယ်။ အရင် ကတည်းက လည်း အဲဒီနေရာမှာနေလာတာ။ အခု နေပြည်တော်ကြီးဆောက်မှ ကျွန်တော်တို့ကို ကျူးကျော်ဆိုပြီး တရားစွဲခံရတယ်” ဟု ကုလားကြီးကုန်းရွာမှ ဦးစောလှအောင်က ပြောကြားသည်။

အဆိုပါကျူးကျော်ကိစ္စနှင့် ပတ်သက်၍ ဒက္ခိဏမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးနိုင်ငံလင်းက “သူတို့ကနေစရာ မရှိလို့နေတာပါ။ နေစရာပေးပြီး ဒီကိစ္စကို ဖြေရှင်းလို့ရပါတယ်။ အခုလိုနှစ်သစ်မှာ ညှိနှိုင်းဖြေရှင်းပြီး အလေးထား ဆောင်ရွက် သင့်ပါတယ်။ အခုနေပြည်တော် စည်ပင်သာယာရေးဥပဒေကို လေ့လာနေပါတယ်။ အားနည်းချက်တွေရှိရင် ပြင်ဖို့လုပ်ရမှာပေါ့။ ကျူးကျော်တွေက တစ်နိုင်ငံလုံးမှာဖြစ်နေ တာ။ အဲဒါတွေကို စနစ်တကျကိုင်တွယ်ရင် ပြည်သူရော၊ နိုင်ငံရော၊ တရားရေးရော ည§ိည§ိနှိုင်းနှိုင်းလုပ် မယ်ဆိုရင် အဆင်ပြေသွားမှာပါ” ဟု ပြောကြားသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကုလားကြီးကုန်းကျေးရွာရှိ တောင်သူ ဦးအောင်ဝင်းအား နေပြည်တော် စည်ပင်တရားရုံး၏ ထောင်ဒဏ် တစ်လချမှတ်သည့်အပေါ် ၎င်း၏မိသားစုဝင်များနှင့် ဒေသခံတောင်သူ များက စည်ပင်တရားရုံးရှေ့တွင် မကျေနပ်မှုများကို ထုတ်ဖော် ပြောကြားခဲ့သည်။

နေပြည်တော် စည်ပင်သာယာတရားရုံ မှ ဒေသခံတောင်သူများအား ကျူးကျော်အဖြစ်သတ်မှတ်၍ ဇန်နဝါရီ ၂ ရက်၊ ၃ ရက်၊ ၅ ရက် မှ ၈ ရက်အထိ ဆက်တိုက်နေတော် စည်ပင်သာရေးဥပဒေပုဒ်မ ၂၆ ဖြင့် ဆက် လက် အမိန့်ချမှတ်သွားမည် ဖြစ်ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

ပြစ်ဒဏ်ချမှတ်ခံရသော တောင်သူဦးအောင်ဝင်း၏ မိသားစုဝင်နှစ်ဦးအား တွေ့ရစဉ်
Eleven Media Group

No comments:

Post a Comment

My Blog List