Friday, January 02, 2015

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပထမဦးဆုံးအကြိမ် နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောကြား


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် သက်တမ်း လေးနှစ်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုံးအကြိမ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားမှု များတွင် တပ်မတော်သား များမှာ ပြည်သူကြားမှ ပေါက်ဖွားလာသူများပီပီ မွန်မြတ်သည့် စိတ်ထားဖြင့် နိုင်ငံတော်နှင့် ပြည်သူကို အသက်ခန္ဓာ အပ်နှင်း၍ အလုပ်အကျွေးပြုကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ဖြင့် ပြောင်းလဲခဲ့သည့် အချိန်တွင် အောင်မြင်မှုများ ရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိနေသော်လည်း တပ်မတော်အနေနှင့် ပါတီစုံဒီမိုကရေစီ စနစ်ကို မလွဲမသွေ ရရှိရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်း နိုင်ငံသားတိုင်း ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများစွာ ရှိနေသည့်အတွက် တပ်မတော်မှ တိုင်းရင်းသားပြည်သူများနှင့် ခိုင်မြဲစွာ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် နိုင်ငံတည်ရှိမှုသမိုင်း တိုင်းရင်းသား ပြည်သူများ၏ အခြေအနေပေါ် မူတည်ပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ 

တပ်မတော် အကြီးအကဲတစ်ဦး အနေနှင့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို ပထမဆုံး ပြောကြားခဲ့ခြင်း ဖြစ်ပြီး နှစ်ကူးကာလတွင် ယခုကဲ့သို့ တိုင်းရင်း သားပြည်သူများကို နှုတ်ခွန်းဆက်စကား ပြောကြားခြင်းမှာ ထူးခြားမှု ရှိသော်လည်း ပြောကြားသည့် အကြောင်းအရာပေါ် မူတည်၍ ကြိုဆိုရမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြား သည်။

The Voice Weekly

No comments:

Post a Comment

My Blog List