Friday, January 02, 2015

လက်ပံတောင်းတစ်ကျော့ပြန်ပဋိပက္ခတွင် တရုတ်နိုင်ငံသားကိုးဦး ဒဏ်ရာရခဲ့၍ တောင်သူများကို အမှုဖွင့်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ခြံစည်းရိုး ကာရံခြင်း တားဆီးရာမှ စတင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ဒေသခံများကြောင့် တရုတ်နိုင်ငံသား ကိုးဦးထိခိုက်ဒဏ်ရာရခဲ့၍ ဒေသခံတောင်သူများကို ဆားလင်းကြီး မြို့နယ် ရဲတပ်ဖွဲ့စခန်း၌ ဒီဇင်ဘာ ၃၀ ရက်တွင် အမှုဖွင့်တိုင်ကြား လိုက်ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂၂ ရက်က လက် ပံတောင်းကြေးနီစီမံကိန်းအတွင်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို မြေယာလျော်ကြေးမယူထား သောလယ်မြေ များပေါ် လာရောက် လုပ်ဆောင်သည့်အတွက် ဒေသခံများက တားဆီးခဲ့သည်။ ဒေသခံ များနှင့် လုံခြုံရေးတာဝန်ယူထား သူ များအကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာဒေသခံ အမျိုးသမီးတစ်ဦး သေနတ်ထိမှန် သေဆုံးသွားခဲ့ပြီး ဒေသခံများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာဝမ်ပေါင်မှ ၀န်ထမ်းများဒဏ်ရာရရှိခဲ့သည်

‘‘ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကြေးနီစီမံကိန်းနယ်မြေခြံစည်းရိုး ကာရံတဲ့လုပ်ငန်းမှာ ဒေသခံတွေ က ဂျင်ဂလိ၊ လေးခွ၊ ခဲတွေနဲ့ ပစ် ခတ်လို့ တရုတ်နိုင်ငံသားကိုးဦး ဒဏ်ရာရခဲ့တယ်လို့ပြောတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အခင်း ဖြစ်ပွားပြီး ကိုးရက်အကြာမှာ ရဲ စခန်းကိုလာပြီး အမှုဖွင့်ခဲ့တာပါ’’ ဟု ဆားလင်းကြီးမြို့ မြို့မရဲတပ် ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

‘‘အဲဒီနေ့တုန်းက နှစ်ဖက် အပြန်အလှန်ပစ်ခတ်ခဲ့လို့ တောင်သူတစ်ဦးသေဆုံးခဲ့ပြီး ကိုးဦးဒဏ် ရာရတယ်။ သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ သေမှု သေခင်းဖွင့် စစ်ဆေးတာပဲရှိတယ်။ ဒဏ်ရာရတဲ့ တောင်သူတွေအနေနဲ့ ရောအမှုဖွင့်တိုင် ကြားတာမရှိသေးဘူး။ ဒဏ်ရာရတာကတော့ နှစ်ဖက် စလုံးအထိ နာခဲ့တာပဲ’’ဟု လက်ပံတောင်းအရေး ဆောင် ရွက်ခဲ့သော မုံရွာဒေသခံတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံသား ကိုးဦးတွင် မျက်စိ၊ နှာခေါင်း၊ လည်ကုတ်၊ လက်၊ ခြေထောက်၊ ဗိုက်စသည့် ခန္ဓာကိုယ်နေရာအချို့ပွန်းပဲ့ထိ ခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ် ကြောင်း အမှုဖွင့်တိုင်ကြားစာများအရ သတင်းရရှိသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဒီဇင်ဘာ ၂၂ ရက် ရုန်းရင်းဆန်ခတ် ဖြစ်ပွား မှုကြောင့် ဒေသခံတောင် သူတစ်ဦးသေဆုံးခဲ့ပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။


7Day Daily

No comments:

Post a Comment

My Blog List