Tuesday, December 30, 2014

စည်ပင်ရွေးကောက်ပွဲ ရလဒ်ထွက်ပေါ်ပြီးနောက် မြို့တော်ခန်းမရှေ့ ကန့်ကွက်မှုများပြုလုပ်



ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ အနိုင်အရှုံးစာရင်း ကြေညာမှုပြုလုပ်ပြီးနောက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း အချို့က မြို့တော်ခန်းမရှေ့တွင် ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။ “အနိုင် အရှုံးကြောင့် ဆန္ဒပြတာ မဟုတ်ပါဘူး။ 



ဒီရွေးကောက်ပွဲက တရားမျှတမှု မရှိတာကို ဆန္ဒပြတာပါ။ တကယ်လို့ ရွေးကောက်ပွဲမှာ ကျွန်တော်နိုင်ခဲ့လည်း ဆက်မလုပ် ဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်”ဟု မင်္ဂလာဒုံမြို့နယ်၊ရပ်မိရပ်ဖအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ဦးက ပြောသည်။

မြောက်ပိုင်းခရိုင်မှ ဗဟိုကော်မတီဝင် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် နော်လှလှစိုး၏ ကိုယ်စားလှယ် မအဲလိဇဘက်က လည်း မဲရုံအတွင်းစည်းထဲအထိ ၀င်ရောက် မဲဆွယ်ခဲ့သည့် ကိုယ်စားလှယ်လောင်း တချို့၏ အပြုအမှုကို ကော်မရှင်က အရေးယူခြင်း မရှိသည့်အပေါ် ဝေဖန်ခဲ့သည်။

ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းတွင် ရွေး ကောက်ပွဲ အနိုင်အရှုံးစာရင်းမထုတ်ပြန်မီ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်၍ ကန့် ကွက်လွှာတင်ပါက ငွေကျပ်ငါးသိန်းကို ကန့်ကွက်လွှာနှင့်အတူ တင်သွင်းရမည့် အကြောင်း စည်ပင်ရွေးကောက်ပွဲဥပဒေပါ ပုဒ်မ ၅၅၊ ၅၆၊ ၅၇ တို့ကို ဖော်ပြထားသည့် ကြေညာချက်ကို စည်ပင်ရွေးကောက်ပွဲ ကော်မရှင်က ဦးစွာ ထုတ်ပြန်ခဲ့သည်။

ထိုလုပ်ဆောင်မှုနှင့် ပတ်သက်၍ မင်္ဂလာဒုံမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ဦး က ရွေးကောက်ပွဲ ကော်မရှင်က မဲရှုံးသူများ ကို စောဒကမတက်နိုင်စေရန် ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ဝေဖန်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List