Sunday, November 02, 2014

ပုသိမ်ကမ်းနားလမ်းက View Point ရင်ပြင်ကို သရီးဒီနဲ့အလှဆင်



ပုသိမ်မြို့ ကမ်းနားလမ်းက ရှုခင်းသာ View Point ရင်ပြင်ကို မြန်မာနိုင်ငံရဲ့ ပထမဆုံး သရီးဒီ ဒီဇိုင်း ရင်ပြင် အဖြစ် ဆောင်ရွက်နေပါတယ်။

၁၉၀ x ၆၀ ခန့်ကျယ်တဲ့ အဆိုပါရင်ပြင်မှာ ကွန်ကရစ်အခင်းတွေ ပျက်စီးနေတာကို ပြုပြင်ရင်း လာရောက် အပန်းဖြေသူတွေ စိတ်ကြည်းနူးစရာ ဖြစ်စေဖို့ ခုလိုတစ်ပါတည်း ဆောင်ရွက်လိုက်တာလို့ ဧရာဝတီတိုင်းဒေ သကြီး စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်က ဆိုပါတယ်။

ပန်းချီဒီဇိုင်းတွေအပါအဝင် ရင်ပြင်ထိန်းသိမ်း ပြုပြင်ရေးတွေကို ကျပ်သိန်း ၄၅၀ ကျော် အကုန်ကျခံ ဆောင် ရွက်သွားမှာ ဖြစ်ပြီး တန်ဆောင်တိုင် ပွဲတော်အမှီ အပြီးလုပ်မယ်လို့ သိရပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List