Thursday, November 06, 2014

အလောင်းတူးဖော်ပြီးနောက် ပိုမိုရှုပ်ထွေးလာသည့် ကိုပါကြီးသေဆုံးမှု







ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့သည့် ကိုပါကြီး၏ ရုပ်အလောင်းကို ပြန် လည်တူးဖော်ပြီးနောက် ကိုပါကြီးသည် မသေဆုံးမီညှဉ်းပန်းနှိပ် စက်ခံခဲ့ရသည်ဟု သံသယပိုမိုကြီး ထွားလာခဲ့သည်။

ကိုပါကြီး ရုပ်အလောင်းကို မွန်ပြည်နယ်၊ ကျိုက်မရော မြို့ နယ် ရွှေဝါချောင်ကျေးရွာအနီး မြှုပ်နှံထားသည့်နေ ရာမှ နိုဝင်ဘာ ၅ ရက် တွင် ပြန်လည်တူးဖော်ခဲ့သည်။ ယင်းသို့ တူးဖော်ပြီးနောက် အလောင်းတွင်တွေ့ ရှိခဲ့သည့် ဒဏ် ရာဒဏ်ချက်များကြောင့် ကိုပါ ကြီးသည် သေနတ်ဒဏ်ရာတစ်ခု တည်းဖြင့် သေဆုံးခြင်း ဟုတ်၊ မဟုတ်နှင့်ပတ်သက်၍ မိသားစု ၀င်များနှင့် မိတ်ဆွေများ အကြား  သံသယများကြီးထွားလာခဲ့သည်။

သေဆုံးစဉ် အသက် (၄၉) နှစ်အရွယ်ရှိသည့် ကိုပါကြီး၏ ရုပ်အလောင်းမြှုပ် နှံထားရာနေရာကို ပြန်လည် တူးဖော်ရာ ဦးခေါင်းသည် အကောင်းပကတိ အတိုင်းရှိမနေဘဲ ဆိုးရွားသည့် ဒဏ်ရာဒဏ်ချက်အများအပြား ဖြင့် တွေ့ရှိခဲ့ကြ သည်။

ပြန်လည် တူးဖော်ခဲ့သည့် ရုပ်အလောင်းသည် ကိုပါကြီး၏ ရုပ်အလောင်းဖြစ် ကြောင်း ကိုပါ ကြီးနှင့် နီးစပ်သည့် မိတ်ဆွေ သုံးဦးထက်မနည်းက 7 Day သို့အတည်ပြုပြောကြားခဲ့သည်။ ဒေသဆိုင်ရာ အာဏာပိုင်များ၏ အတည်ပြု ချက်ရရှိရန် 7 Day က ကြိုးစားခဲ့သော်လည်း တစ်စုံတစ်ရာအတည်ပြုချက် မရရှိခဲ့ပေ။

ကိုပါကြီး၏ ရုပ်အလောင်းကို မော်လမြိုင်မြို့မှ ၂ နာရီကြာ ကားလမ်းခရီးဖြင့် သွားလာရသည့် ကျိုက်မရောမြို့နယ် ရွှေဝါ ချောင်ကျေးရွာအနီးတွင် တူးဖော် ခဲ့ခြင်းဖြစ်သည်။

ကိုပါကြီး၏ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ ဒေသခံ တက်ကြွလှုပ်ရှားသူများနှင့် သတင်း မီဒီယာသမားများ၊ မြန်မာ့တပ်မတော်တပ်မ (၂၂)၊ ဒေသခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် အပါအ၀င် လက်နက်ကိုင်တပ် ဖွဲ့များသည် ရုပ်အလောင်းမြှုပ်နှံ ရာအနီးရှိ ရွှေဝါချောင်ကျေးရွာ သို့ နံနက် ၁၀ နာရီခန့် တွင် ရောက်ရှိခဲ့ကြသည်။

ယင်းနေရာတွင် တစ်နာရီ ခန့်ကြာစောင့်ဆိုင်းနေခဲ့ရပြီးမှ နံနက် ၁၁ နာရီခန့် တွင် အလောင်း မြှုပ်နှံရာနေ ရာသို့ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူ သွားရောက်ခဲ့ကြသည်။

လူနေကျေးရွာများ၊ ၀င်းမှည့်နေသည့် လယ်ကွင်းပြင်များအ ကြား ၁၅ မိနစ် ခန့်ကြာ ခြေလျင် လမ်းလျှောက် ခဲ့ပြီးနောက် ရုပ် အလောင်းမြှုပ်နှံရာ နေရာသို့ ရောက်ရှိခဲ့ကြသည်။

အာဏာပိုင်များသည် အ လောင်းတူးဖော်သည့်လုပ်ငန်းအတွက် ကြိုတင်ပြင် ဆင်ထားပြီး လုံခြုံရေးတင်း ကျပ်စွာချထား ခြင်း၊ မိသားစုဝင်များ၊ သတင်း မီဒီယာများအတွက် သီးသန့်နေရာများပေးခြင်းစသည့် ပြင်ဆင်မှုများပြုလုပ် ထားခဲ့ကြသည်။

အလောင်း တူးဖော်သည့် နေရာကို မြန်မာ့တပ်မတော်မှ အရာရှိတစ်ယောက်က အသိ သက်သေများရှေ့ တွင် ညွှန်ပြခဲ့ ပြီး မိသားစုဝင်များ၊ ဥပဒေပညာ ရှင်များ၊ သက်သေများ၊ မှုခင်း ဆရာဝန်များ၊ လုံခြုံရေးတပ်ဖွဲ့ များနှင့် သတင်းမီဒီယာ များရှေ့၌ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် စတင်တူးဖော်ခြင်းဖြစ်သည်။

တစ်နာရီခွဲခန့်ကြာတူးဖော် ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့် တွင် အလောင်း အား မိုးတွင်းစီး ဆင်ကြယ် ဖိနပ်တစ်ရန်၊ ဆပ်ပြာ မှုန့်တစ်ထုပ်၊ သွားတိုက်ဆေး၊ သွားတိုက်တံတို့နှင့်အတူ တွေ့ရှိခဲ့သည်။

အဆိုပါ ဒဏ်ရာများမှာ မသေဆုံးမီ ထိခိုက်သည့် ဒဏ်ရာများလား၊ သေဆုံးပြီးမှ ထိခိုက်သည့် ဒဏ်ရာများ လား၊ တူးဖော် စဉ်ဖြစ်ပွားခဲ့သည့် ဒဏ်ရာများလား ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ကိုပါကြီး၏ လုပ်ဖော်ကိုင် ဖက်တစ်ဦးဖြစ်သည့် ဦးသူကြီးဆို သူကလည်း ကိုပါကြီးသည် သေနတ် ဒဏ် ရာကြောင့် သေဆုံး ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်ကို သံသယရှိခဲ့သူဖြစ်သည်။

‘‘ကျွန်တော်တို့ ကြားထားရ တဲ့ သတင်းတွေအရ သူမသေခင် အရိုက်ခံထား ရတယ်လို့ ကြား တယ်။ ကျွန်တော်တို့လည်း စစ် ကြောရေးဝင်ဖူးပါတယ်။ ဒါပေမဲ့ ဒီလောက်ထိ ဆိုးဆိုးရွားရွားဖြစ် မယ်မထင် ဘူး’’ဟု ဆိုးဆိုးရွားရွား ပျက်စီးနေသည့် ကိုပါကြီး၏ ဦး ခေါင်းဒဏ်ရာများနှင့် ပတ်သက် ပြီး ဦးသူကြီးက ထင်မြင် ချက်ပေးသည်။

ကိုပါကြီး၏ မိတ်ဆွေဖြစ် သူ ဒေါ်နော်အုန်းလှသည်လည်း အစိုးရထုတ်ပြန်ချက်အပေါ် သံသယ၀င်သူ တစ်ဦးဖြစ်သည်။ ကိုပါ ကြီး၏ ရုပ်အလောင်းတွင် ဦး ခေါင်းပိုင်းပွင့်နေခြင်း၊ မေးရိုးပြား နေခြင်း၊ ညာဘက် နံကြားပိန်ချိုင့် နေခြင်း၊ ဗိုက်တင်းကားနေခြင်း၊ ခြေထောက်တွင် အညိုအမည်း ဒဏ်ရာများတွေ့ ရှိခြင်း စသည့် သံသယဖြစ်စရာမြင်ကွင်းများ တွေ့ မြင်ခဲ့ရကြောင်း ဒေါ်နော်အုန်းလှ ကပြောသည်။

‘‘စိတ်မကောင်းတာတစ်ခုက အစိုးရက ကောင်းမွန်စွာ သင်္ဂြိုဟ်တယ်သာပြောတယ်။ ကိုပါကြီးက အခု ဖျာစုတ်တစ်ချပ် တောင်ပါမသွားဘူး’’ဟု ဒေါ်နော်အုန်းလှကပြောသည်။

ကိုပါကြီး၏ ရုပ်အလောင်း ကို မြှုပ်နှံထားရာနေရာမှ မော်လ မြိုင်ဆေးရုံသို့ သယ်ဆောင်ခဲ့ပြီး မှုခင်းဆရာဝန် များက ညတွင်း ချင်းစစ်ဆေးနေသော်လည်း ၎င်း တို့ထံမှ အဖြေမသိရသေးပါ။

ရုပ်အလောင်း စစ်ဆေးရာ နေရာတွင် ရောက်နေသည့် ကိုပါ ကြီးဇနီး၏ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို 7 Day က ဆက်သွယ် မေးမြန်းခဲ့သော် လည်း ထင်မြင်ချက်ပေးရန် စောလွန်းနေသေးကြောင်း ပြန်လည် ပြောကြားသည်။

၎င်း၏ မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များက အလွတ်တန်း သတင်း ထောက်ဟု ပြော ကြားသော် လည်း မြန်မာ့တပ်မ တော်က လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သည့် KKO စောဆန်း အောင်အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးဟုပြောကြားခဲ့သည့် ကိုပါကြီးသည် အောက်တိုဘာ ၄ ရက်၌ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် သေဆုံးသွား ကြောင်း မြန်မာ့ တပ်မတော်က အောက်တိုဘာ ၂၃ ရက်၌ ထုတ် ပြန်ခဲ့သည်။

မြန်မာ့တပ်မတော်၏ စစ် ဆင်ရေးများအတွင်း သေဆုံးခဲ့သည့် အရပ်သား များနှင့် ပတ်သက်ပြီး ရှားရှားပါးပါး ထုတ်ပြန်ခဲ့ သည့် အဆိုပါကြေညာချက်တွင်  ကိုပါကြီးသည် အောက်တိုဘာ ၄ ရက်၌ မြန်မာ့တပ်မတော် ကင်း စောင့် စစ်သည်ထံမှ လက်နက်လု ယူထွက်ပြေးရန် ကြိုးစား၍ ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးသွား ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း ကိုပါကြီး၏ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် တက်ကြွလှုပ်ရှားသူများက အဆိုပါ ထုတ်ပြန်ချက်ကို သံသယရှိနေပြီး သေဆုံးမှုအတွက် လွတ်လပ်ပြီး ဘက်မလိုက်သည့် ပညာရှင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ စည်းရန်နှင့် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေအရ ဖော်ထုတ် အရေးယူရန် တောင်းဆိုဆန္ဒပြခဲ့ ကြသည်။

ကိုပါကြီးဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်မိသားစုမှ ကျေနပ်မှုမရှိ၍ တိုင်ကြားပါက တပ်မတော်၏ လုပ်ထုံးလုပ်နည်းအရ စုံစမ်းစစ်ဆေးရေးခုံရုံးတင် ၍ ထပ်မံစစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးဟောင်း ပြန်ကြား ရေးဝန်ကြီး ဦးရဲထွဋ်က 7 Day သတင်းစာအား ပြောကြားထားသည်။

7Day News Journal 

No comments:

Post a Comment

My Blog List