Friday, November 07, 2014

၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်စေရန် မြန်မာအစိုးရအား သမ္မတအိုဘားမားက ဖိအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်များ တိုက်တွန်း


၂ဝ၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်စေရန် မြန်မာအစိုးရအား သမ္မတအိုဘားမားက ဖိအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်များက တိုက်တွန်းလိုက်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်းမရှိပါက မြန်မာပြည်သူများအနေဖြင့် မိမိတို့လိုလားသော ခေါင်း ဆောင်ကို ရွေးချယ်နိုင်ခွင့်မရှိဘဲ ရွေးကောက်ပွဲသည်လည်း မျှတမည်မဟုတ်ကြောင်း အမေရိကန်ဥပဒေပြု လွှတ်တော် အမတ် ၂ဝ ကျော်က သမ္မတအိုဘားမားထံ စာပို့အကြောင်းကြားကြောင်း အေပီသတင်းဌာနက ရေးသားဖော် ပြထားသည်။

အဆိုပါ အကြောင်းကြားစာမူကြမ်းကို ကွန်ဂရက်လွှတ်တော် အထောက်အကူပြုအဖွဲ့ဝင်တစ်ဦးက အေပီသတင်းဌာနသို့ ဗုဒ္ဓဟူး နေ့က ပေးပို့ခဲ့ခြင်းဖြစ်သည်။

အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ၂ဝ၁၅ ခုနှစ်ကုန်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရေပန်းစားနေသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရရန် အဟန့်အတားရှိနေသည်။ သမ္မတရာထူးအတွက် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ရွေးချယ်ခံခွင့်ရှိရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင် ပြောင်းလဲရေးကို စဉ်းစားသွားမည်ဖြစ်ကြောင်း လွှတ်တော်က ပြီးခဲ့သည့်လတွင် သဘောတူညီထား သည်။

သမ္မတအိုဘားမားသည် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး သမ္မတဦးသိန်းစိန်အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်လာခြင်းကို အမေရိကန်နိုင်ငံခြားရေး မူဝါဒအောင်မြင်မှုတစ်ခုအနေဖြင့် မှတ်ယူထားသော်လည်း အဆိုပါ ကွန်ဂရက်လွှတ်တော်အမတ်များက ပြုပြင်ပြောင်းလဲမှု များသည် လက်ရှိအချိန်တွင် ရပ်တန့်နေကြောင်း ပြောကြားသည်။

၎င်းတို့က လက်ရှိတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပေါ် တပ်မတော်၏ လွှမ်းမိုးမှုရှိသေးကြောင်း၊ တပ်မတော်အစိုးရလက် ထက်က ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်ဆင်ရန် လိုအပ်သေးကြောင်း ထောက်ပြပြောဆိုထား သည်။

“အဆိုပါ အခြေအနေများကြောင့် လာမည့်ရွေးကောက်ပွဲတွင် မြန်မာပြည်သူများအနေဖြင့် မိမိတို့ဆန္ဒအတိုင်း နိုင်ငံ့ခေါင်း ဆောင်ရွေးချယ်နိုင်ခြင်းမရှိပါက အဆိုပါရွေးကောက်ပွဲသည် လွတ်လပ်သော တရားမျှတသော ယုံကြည်ထိုက်သော ရွေး ကောက်ပွဲတစ်ခုဖြစ်နိုင်မည်မဟုတ်”ဟု သမ္မတအိုဘားမားထံ ပေးပို့သည့်စာတွင် ဖော်ပြပါရှိသည်။

နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအနေဖြင့် တပ်မတော်လွှမ်းမိုးမှုရှိသေးသော လက်ရှိမြန်မာအစိုးရအပေါ်တွင် ယုံကြည်မှုထားရှိခြင်းသည် စောသေးကြောင်း၊ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများသည်လည်း ကာလအတော်ကြာကတည်းက ရပ်တန့်နေကြောင်း၊ အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် အလွန်အကျွံ အကောင်းမြင်နေကြောင်း ပြောကြားသည်။

အဆိုပါအကြောင်းကြားစာတွင် ကွန်ဂရက်လွှတ်တော်အမတ်များက မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားဦးရေ မြင့် တက်လာနေကြောင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်များ တစ်စတစ်စ ပြန်လည်လျော့ပါးလာနေကြောင်း ထောက်ပြထားပြီး အမေရိကန်အစိုးရအနေဖြင့် မြန်မာအစိုးရနှင့် ပုံမှန်ဆက်ဆံရေး မထူထောင်ခင် မြန်မာနိုင်ငံတွင် စစ်မှန်သော ပြုပြင် ပြောင်းလဲမှုများ ဖော်ဆောင်နိုင်စေရန် ရှင်းလင်းစွာလုပ်ဆောင်သင့်ကြောင်း ဝေဖန်ထားသည်။

ထိုအကြောင်းကြားစာပေးပို့သည့် လွှတ်တော်အမတ်များတွင် Republican ပါတီဝင် အမတ်များသာမက Democratic ပါတီဝင်အမတ်များလည်း ပါဝင်ခဲ့ပြီး စတင်ရေးသားခဲ့သူများတွင် Democratic ပါတီကိုယ်စားလှယ် ဖြစ်ပြီး ကွန်ဂရက် လွှတ်တော်အတွင်း မြန်မာနိုင်ငံအကြောင်း အဓိကပြောကြားလေ့ရှိသူ Joe Crowley နှင့် Republican ပါတီကိုယ်စား လှယ်ဖြစ်ပြီး အာရှဆိုင်ရာ ကွန်ဂရက် Panel အဖွဲ့ဥက္ကဠ Steve Chabot တို့လည်း ပါဝင်ကြောင်း သိရသည်

၂၀၁၂ ခုနှစ် နိုဝင်ဘာလက ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ အမေရိကန်သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-သန်းဇော်ထွန်း)
Eleven Media Group

No comments:

Post a Comment

My Blog List