Thursday, November 06, 2014

စစ်ဘက်နည်းပညာ ပူးပေါင်းတိုးမြှင့်ရန် ဘီလာရုစ်နှင့် ပူးပေါင်းဆောင်ရွက်မည်


မြန်မာ့တပ်မတော်နှင့် ဘီလာရုစ်သမ္မတနိုင်ငံတို့ကြား စစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့် ရန်နှင့် စစ်ဘက်နည်းပညာကျွမ်းကျင်သူ အရာရှိများကို မွေးထုတ်မေးရေး တို့တွင် ပူးပေါင်းဆောင်ရွက်သွား ရန် ကြိုးစားမည်ဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတအလက်ဇန္ဒားဂရီ ဂေါ်ယီဗစ်ကပြောကြားသည်။

ပထမဆုံးဥရောပနိုင်ငံ တစ်ခု၏ နိုင်ငံခေါင်းဆောင်က မြန်မာ့ တပ်မတော်နှင့် နည်းပညာများ ပူးပေါင်းမြှင့် တင်ဆောင်ရွက်ရန် ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၏ ပထမဆုံးဥရောပနိုင်ငံ ခရီးစဉ်တွင် ယင်းသို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။

စစ်ဘက်နှင့် အရပ်ဘက် ပညာသင်ကြားရေးဆိုင်ရာကိစ္စ ရပ်များကို ဦးစွာအကောင် အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်သည်။

ဘီလာရုစ်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံနှင့် စီးပွားရေးကူးသန်းရောင်းဝယ်မှု၊ စွမ်းအင် နှင့် ဆေးပညာရပ် များတွင် ပူး ပေါင်းဆောင်ရွက်နိုင်ရန် ကမ်း လှမ်းမှုများပြုလုပ်ခဲ့ပြီး တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ဈေးကွက်စီးပွားရေးစနစ်တွင် အချိန်စောစွာ ဆောင်ရွက်နိုင်ခြင်း က အခွင့်အရေးပိုမိုရရှိနိုင်သဖြင့် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မနှောင့်နှေးဘဲ ဆောင်ရွက်စေလို ကြောင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဘီလာရုစ်နိုင်ငံ သမ္မတနှင့်လည်း အဆိုပါနေ့၌ပင် တွေ့ဆုံခဲ့ပြီး စစ်ဘက်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင် ရွက်မှုများကို ဆွေးနွေးခဲ့ကြကာ ဘီလာရုစ်နိုင်ငံ သမ္မတက မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်အား ၎င်းတို့နိုင်ငံသို့ချစ်ကြည်ရေးခရီး လာရောက်ရန် အမှာစကား ပါးခဲ့သည်။

‘‘ဥရောပနိုင်ငံတစ်ခုက ဒီလို ကမ်းလှမ်းမှုမျိုးရှိတာ မြန်မာ့ တပ်မတော်အတွက် သတင်း ကောင်းပါ။ အရင်က တရုတ်နဲ့ပဲ စစ်ရေးနည်းပညာဆက်ဆံမှုရှိရ တာကို။ အခုလိုဥရောပနိုင်ငံရဲ့ နည်းပညာတွေရဖို့ အခွင့် အလမ်း ပေါ်လာတာ အင်မတန်ကောင်း တယ်။ ဥရောပသမဂ္ဂအနေနဲ့ ဒါ မြန်မာ့တပ်မတော်ကိုလည်း အမြင်ကြည်လင်လာသလို တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေအပြောကိုပဲ မယုံကြည်ဘဲ အတူ ပူးပေါင်းဆက်ဆံမှုကတစ်ဆင့် တပ်မတော်ရပ်တည်ချက်ကို လည်း ပိုပြီးသိသာမြင်သာလာမှာ ဖြစ်တယ်’’ ဟု တပ်မတော်မှ ဗိုလ် မှူးကြီးအဆင့်ရှိသူတစ်ဦးကပြော ကြားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် အဖွဲ့သည် စစ်ဘက်၊ အရပ်ဘက်ဆိုင်ရာအဆင့်မြင့် နည်းပညာများကို သင်ကြားပို့ချ လျက်ရှိသည့် ဘီလာရုစ်သမ္မတနိုင်ငံ စစ်တက္ကသိုလ်သို့ သွား ရောက်လေ့လာခဲ့သည်။

ကာချုပ်သည် ဘီလာရုစ် နိုင်ငံသို့ရောက်ရှိစဉ် ဘီလာရုစ် သမ္မတနိုင်ငံ၊ နိုင်ငံတော်ကာကွယ် ရေးပစ္စည်းထုတ် လုပ်ရေးကော်မတီဥက္ကဋ္ဌ Lt.Gen Gurulev Sergey Petrovish ဦးစီးအဖွဲ့နှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် ကြား အကျိုးတူကိစ္စရပ်များ ထပ်မံတိုးချဲ့နိုင်ရန် ဆွေးနွေးခဲ့ပြီး တင့် ကားပြင်ဆင်ရေးအလုပ်ရုံအတွင်း စစ်ဘက်ဆိုင်ရာ ယာဉ်၊ ယန္တရားများကို လေ့လာခဲ့သည်။

ထို့အပြင် ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ နာမည်ကျော Stalin's Line (ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင်ခံစစ် နေရာ Complex)တွင် ဒုတိယကမ္ဘာစစ် အတွင်းက ခံစစ်များ၊ ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများ၊ စစ် လက်နက်ပစ္စည်းများ၊ ယန္တရားများကို လေ့လာခွင့်ရခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ချစ်ကြည်ရေးခရီး စဉ်အတွက် နိုဝင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး လမ်း ခရီး၌ ရုရှားနိုင်ငံတွင် ပညာသင် ကြားနေသော တပ်မတော်အရာ ရှိများနှင့်လည်း တွေ့ဆုံခဲ့သည်


7Day Daily

No comments:

Post a Comment

My Blog List