ကမ္ဘာကျော်ခရီးသွားလမ်းညွှန်အဖွဲ့ဖြစ်သော Lonely Planet အဖွဲ့က ၂၀၁၅ အတွက် ကမ္ဘာပေါ်တွင် လည်ပတ်စရာအကောင်းဆုံးနေရာ (Best Place)အဖြစ် ပုဂံဒေသကို ရွေးချယ်ပေးထားကြောင်း ယင်းအဖွဲ့ ၏အင်တာနက်စာမျက်နှာ၌ ဖော်ပြထားသည်။
၂၀၁၅ အတွက် ရွေးချယ် ပေးလိုက်သော လည်ပတ်စရာ အကောင်းဆုံးနေရာ ၁၀ ခုတွင် ပုဂံဒေသကို နံပါတ်(၁)ပေးထားပြီး ပုဂံဒေသ၏ နေထွက်ချိန်သည် စိတ်ကူးမှ တကယ့်အလှတရားဖြစ်နေသည်ဟု ပုဂံ ဒေသကို ဖော်ကျူးရေးသား ထားသည်။
ထို့အပြင် ၉ ရာစုမှ ၁၃ရာစု ကြား ပုဂံဘုရင်၏ နေပြည်တော် ဖြစ်ခဲ့သော ပုဂံဒေသတွင် ဗုဒ္ဓဘာ သာဝင်တို့၏ စေတီပုထိုးကျောင်းကန်များကိုလည်း မြင်တွေ့နိုင် ကြောင်း ရေးသားထားသည်။
Lonely Planet က ရွေးချယ် ပေးလိုက်သည့် လည်ပတ်စရာ အကောင်းဆုံး နေရာတွင် မြန်မာနိုင်ငံမှ ပုဂံဒေသသည်နံပါတ် ၁ ဖြစ်ပြီး နံပါတ် ၂ အဖြစ် နော်ဝေးနိုင်ငံ Trolltunga, Skjeggedalနှင့် နံပါတ် ၃ အဖြစ် အမေရိကန်နိုင်ငံ နယူးယောက်မြို့တို့ကို ရွေးချယ်ပေးထားသည်။
အစိုးရသစ်လက်ထက်မြန်မာနိုင်ငံကို လည်ပတ်စရာအကောင်းဆုံးနေရာအဖြစ် CNN က ရွေးချယ်ခဲ့ဖူး သည်။
7Day News Journal
No comments:
Post a Comment