Monday, November 03, 2014

Albu Nimr လူမျိုး ၃၀၀ ကျော်ကို IS တွေ သတ်ဖြတ်


အီရတ်နိုင်ငံ ​အနောက်ပိုင်းမှာ ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေက ​Albu ​Nimr ​လို့ခေါ်တဲ့ ​လူမျိုးစုဝင် ​အယောက် ​၃၀၀ ​ကို ​သတ်ပစ်လိုက်တယ်ဆိုတဲ့ ​သတင်း တွေ ​ထွက်ပေါ်နေပါတယ်။အီရတ်နိုင်ငံ ​လူ့အခွင့် အရေး ​ဝန်ကြီးဌာနရဲ့ ​အဆိုအရ ​အစွန်းရောက်သမားတွေ က ​Albu ​Nimr ​လူမျိုး ​အယောက်ပေါင်း ​၃၂၂ ​ယောက်လောက်ကို ​သတ်ပစ်ခဲ့တယ်လို့ ​ဆိုပါတယ်။

အမျိုးသမီးနဲ့ ​ကလေးငယ်တွေရဲ့ ​အလောင်းပေါင်း ​၅၀ ​ကိုလည်း ​ရေတွင်း ​တစ်တွင်း​ထဲမှာ ​တွေ့ခဲ့ ​ရပါတယ်။

အဲဒီ ​လူမျိုးစုရဲ့ ​ခေါင်းဆောင်ကတော့ ​အီရတ် ​ဗဟိုအစိုးရကို ​ကူညီဖို့ ​မကြာခဏ အကူအညီတောင်းထားပေ မယ့် ​လစ်လျူရှုခံနေရပြီး ​အမေရိကန်က ​ဦးဆောင် တဲ့ ​မဟာမိတ်တပ်တွေ ​ဝေဟင်ကနေ ​ပစ်ချပေးတဲ့ ​အကူအညီတစ်ကြိမ်သာ ​ရရှိတယ်လို့ ​ပြောပါတယ်။

ဒါ့အပြင် ​Anbar ​ပြည်နယ်က ​တခြားဒေသမှာလည်း ​Albu ​Nimr ​လူမျိုးစုတွေ ​အသတ်ခံနေရတယ်လို့ ​ပြောပါတယ်။ ​Anbar ​ပြည်နယ်ကိုလည်း ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေ ​တဖြေးဖြေး ​သိမ်းပိုက်မှုတွေ ​လုပ်နေပြီလို့ ​အေဘီစီ ​သတင်းထောက် ​Matt ​Brown ​က ​သတင်းပေးပို့ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List