Wednesday, November 05, 2014

SNLD ပါတီတည်ထောင်ခြင်း ၂၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲ နမ့်ခမ်းမြို့၌ကျင်းပ



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကျားခေါင်းပါတီ၏ ၂၆ နှစ်ပြည့် ပါတီတည်ထောင်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၃ ရက် နေ့လည်ပိုင်းက ကောင်းနောင်မို ရပ်ကွက် ကျားခေါင်းရုံးရှေ့ရှိ (တိုင်း) ခန်းမတွင် ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။

အောက်တိုဘာ ၂၆ ရက်နေ့သည် SNLD ကျားခေါင်းပါတီတည်ထောင်ခြင်း ၂၆ နှစ်ပြည့်မွေးနေ့ဖြစ်ခဲ့သော် လည်း ထိုနေ့တွင် ကျင်းပနိုင်ခြင်း မရှိဘဲ နိုဝင်ဘာ ၃ ရက်မှသာ ကျင်းပခဲ့ရ ကြောင်း၊နမ့်ခမ်းမြို့နယ်ရှိ ကျားခေါင်း ပါတီဝင် ၇၀၀ ကျော် ဖိတ်ကြားထားကြောင်း သို့သော် အခြေအနေအမျိုးမျိုးေ ကြာင့်ပါတီ ၀င် ၃၀၀ နီးပါးသာတက် ရောက်လာကြောင်း SNLD ကျားခေါင်းပါတီ ဒု- အတွင်းရေးမှူး စိုင်းဆိုင်ဖ ကပြော သည်။ 

“ ပထမဆုံးအစီအစဉ်ကတော့ ပါတီရဲ့သီချင်း (ယာဟာ့ယီ့ အိန်ဟိုင်းဟာယီ) သီဆိုပြီးအခမ်းအနားကိုဖွင့် လိုက်တယ်။ ပြီးတော့ အလံတော် အလေးပြု ခြင်းအခမ်းအနားကိုတော့ (ခေးတိုင်းခေးရာဇာ) အမျိုးသား သီချင်း ဆိုကြတယ်၊ ကျနော် တို့ပါတီ ဥက္ကဌ ဦးစိုင်းလိန်မြတ်က အဖွင့်အမှာစကားပြောကြားပေးပြီး ပါတီ ရဲ့ အတွင်းရေးမှူး ဦးစိုင်းထွန်းလိုင် က တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှု ကို ပြောပြတယ်” ဟု ၄င်းက ဆို သည်။

ပါတီဝင်တစ်ချို့၏မေးမြန်းချက်များကို ကျားခေါင်းပါတီဥက္ကဌ ဦးစိုင်းလိန်မြတ် က အကျယ်တ၀င့်ရှင်းလင်းဖြေ ကြားပေးခဲ့သည်။ 

(၈) ပြည်နယ် နှင့် (၈) ယူနစ်၏ အဓိပ္ပာယ်နှင့်ကွာခြားချက်ရှင်းပြပေးရန်၊ SNLD ပါတီက ၂၀၁၅ ရွေး ကောက်ပွဲ မ၀င်ဟုဆိုသဖြင့် မည်သည့်ပါတီ ကို ဒေသခံများ က ရွေးချယ်မဲပေးရမည် ၊ SNLD ပါတီက (၈) ပြည်နယ် SNDP က (၁၄) ပြည် နယ် အသီးသီးစွဲကိုင်ထားကြသည်ဟုဆိုသဖြင့် သျှမ်းပြည်သားများ တိတိ ကျကျရွေးချယ်နိုင်ရန် ၄င်းတို့၏ အဓိပါယ်များကို ရှင်းလင်းပြသပေးရန် အစရှိမေးခွန်းများမေးမြန်းကြ သည်ဟု နမ့်ခမ်းမြို့နယ် SNLD ပါတီအတွင်းရေးမှူး ဦးစိုင်းထွန်းလှိုင်ကပြောသည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List