Wednesday, November 05, 2014

ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှုဖြင့် တိမ်းရှောင်နေသည့် မက္ကဆီကိုမြို့ဝန်ကို ဖမ်းမိ


မက္ကဆီကိုနိုင်ငံမှာ ကျောင်းသား ၄၃ ဦး ပျောက်ဆုံးခဲ့ပြီးနောက်ပိုင်း တိမ်းရှောင်နေတဲ့ မြို့ဝန်ကို နိုဝင်ဘာ ၄ ရက်နေ့က မက္ကဆီကိုစီးတီးမြို့တော်မှာ ထိန်းသိမ်းလိုက်ပါတယ်။ကျောင်းသားတွေ ပျောက်ဆုံးမှုနဲ့ ပတ် သက်ပြီး အဓိကအကျဆုံးပုဂ္ဂိုလ်ကို ဖမ်းဆီးရမိတာလည်း ဖြစ်ပါတယ်။ မြို့ဝန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ က ကျောင်းသားတွေ မပျောက်ဆုံးခင် ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို ဖြိုခွင်းဖို့ အမိန့်ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး ၅၃ ဦး ရှိသွားပြီဖြစ်ပါတယ်။ ကျောင်းသား မိဘတွေ ကတော့ မြို့တော်ဝန်နဲ့ ဇနီးမှာ ကျောင်းသားတွေပျောက် ဆုံးမှုနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အချက်အလက် တွေ ရှိကိုရှိရမယ်လို့ ပြောဆိုကြ ပါတယ်။

ကျောင်းသားမိဘတွေ နိုဝင်ဘာလ ၄ ရက်နေ့က မက္ကဆီကိုမြို့တော်ကိုချီတက်ပြီး ကျောင်းသားတွေ ပျောက် ဆုံးမှုကို အခုထက်ပိုပြီး ဆောင်ရွက်ဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

ကျောင်းသားတွေကို ဒေသခံရဲတွေက ဘာလုပ်လိုက်လဲ၊ အသက်ရှင်လျက်ပဲ ခေါ်ဆောင်သွားကြတာလား ဆိုတာ ကျောင်းသားမိဘတွေက အမြန်ဆုံး သိချင်နေကြပါတယ်။

DVB

No comments:

Post a Comment

My Blog List