Tuesday, November 04, 2014

စင်ကာပူအစိုးရ၏ အာဆီယံ ပညာသင်ဆု မြန်မာကျောင်းသား ၄ ဦး ရရှိ


စင်ကာပူနိုင်ငံ အစိုးရသည် မြန်မာနိုင်ငံမှ ထူးချွန်ကျောင်းသူကျောင်းသားများဖြစ်ကြသော မောင်အောင်မြင့် ဦး၊ မောင်ထွန်းဝင်းအောင်၊ မနှင်းအဥ္ဒလီ နှင့် မဖူးမြတ်မှုးကျော်တို့အား အာဆီယံ ပညာသင်ဆုများ အပ်နှင်း လိုက်ကြောင်း သတင်းရရှိပါသည် ။ 

အဆိုပါ မြန်မာကျောင်းသူကျောင်းသား ၄ဦးမှာ စင်ကာပူနိုင်ငံရှိ အစိုးရကျောင်းများတွင် ပညာသင်ဆုများဖြင့် ဆက်လက် ပညာဆည်းပူးကြမည် ဖြစ်ပါသည်။

အာဆီယံပညာသင်ဆုသည် အာဆီယံနိုင်ငံများရှိ လူငယ်များအချင်းချင်း ကူးလူး ဆက်သွယ်နိုင်ရန်နှင့် ၄င်းတို့ဧ။် အရည်အချင်းများကို ဖွံ့ဖြိုးတိုးတက် လာစေရန် အခွင့်အရေးများပေးသည့် ပညာသင်ဆုဖြစ် ကြောင်း သိရသည်။ 

ပညာသင်ဆုများကို ရွေး ချယ်ရာတွင် ပညာထူးချွန်မှု ၊ ခေါင်းဆောင်မှု အရည် အသွေးနှင့် မိမိတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင်သွားရန် အလားအလာ ရှိမှုတို့ အပေါ် အခြေခံ ၍ ရွေးချယ်ခြင်းဖြစ်ပါသည်။ ပညာတော်သင်များ အနေဖြင့် စင်ကာပူနိုင်ငံ ရှိကျောင်း များတွင် Secondary 3 အဆင့်မှ ၀င်ရောက် ပညာသင်ယူကြ ရမည်ဖြစ်ပြီး Secondary 4 အပြီးတွင် GCE-O အဆင့် စာမေးပွဲ ကို ဖြေဆိုကြမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး မစ္စတာ ရောဘတ်ချွားမှ အာဆီယံ ပညာသင်ဆု ဆွတ်ခူး ရရှိခဲ့သော မောင်အောင်မြင့်ဦး၊ မောင်ထွန်းဝင်းအောင်၊ မနှင်းအဥ္ဒလီ ၊ မဖူးမြတ်မှုးကျော်နှင့် ၄င်းတို့ဧ။် မိသားစုများ၊ ဆရာများအတွက် ဧည့်ခံပွဲ တစ်ခုကို အောက်တိုဘာလ (၂၈) ရက် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့ စင်ကာပူ သံရုံးတွင် ကျင်းပခဲ့ပါသည် ။ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနမှ အရာရှိကြီး များက တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သံအမတ်ကြီး မစ္စတာ ရောဘတ်ချွားမှ ပညာတော်သင်ဆုရ မြန်မာကျောင်း သား များအား စင်ကာပူနိုင်ငံ တွင် ပညာသင်ကြားစဉ် ကာလအတွင်း အစွမ်း ကုန် ကြိုးစားကြရန် ၊ သို့မှသာ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့်အခါ မိမိနိုင်ငံဧ။် ခေတ်မီဖွံ့ဖြိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပါဝင်နိုင် မည် ဖြစ်ကြောင်းပြောကြားခဲ့သည် ။

Ref - Embassy of Singapore
The Ladies News Journal

No comments:

Post a Comment

My Blog List