Tuesday, November 04, 2014

မဖြူနှင်းထွေး ထပ်မံတရားစွဲဆိုခံရ


မကြာသေးခင်က အချုပ်အနှောင်ကနေ လွတ်မြောက်ခဲ့သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က မဖြူနှင်းထွေးကို   စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီး ရဲစခန်းက ခွင့်ပြုချက်မရဘဲ စီတန်း လှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့ တရားစွဲပါတယ်။သူဟာ လက်ပံတောင်းဒေသခံတွေနဲ့အတူ ၀မ်ပေါင်ကုမ္ပဏီ ရှေ့မှာ ဆန္ဒပြလို့ တရားစွဲခံ ရတာဖြစ်ပါတယ်။

မဖြူနင်းထွေး က “၂၉ ရက်နေ့က ညီမတို့ ၀မ်ပေါင်းမှာ သွားပြီးဆန္ဒပြတာပေါ့ ဒေသခံတွေ နဲ့အတူသွား တယ်။ ဆန္ဒပြပွဲမှာ ပါဝင်လို့ဆိုပြီး ညီမအပါအ၀င် ဒေသခံ ၆ ဦးကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။”

ဒီဆန်ဒပြပွဲကို လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းဖို့ တောင်းဆိုတဲ့ ဆန္ဒပြ သံဃာတော်တွေကို မီးခိုးဗုံးနဲ့ ဖြိုခွင်းခဲ့တဲ့ ၂၃ လပြည့် အထိမ်းအမှတ် ဆောင်ရွက်ကြတာပါ။

ရဲက သူတို့ကို တရားစွဲတယ်လို့ ဂျာနယ်တွေမှာ ရေးပေမယ့် ကာယကံရှင်တွေ ထံတော့ တရားဝင် အကြောင်း မကြားဘူးလို့ မဖြူနှင်းထွေးက ပြောပါတယ်။

အချုပ်အနှောင်တွေ၊ တရားတဘောင်တွေနဲ့ ရင်ဆိုင်ရပေမယ့် တောင်သူတွေ တရားမျှတမှု ရရှိရေးအတွက် ဆက်လက်ပံ့ပိုးသွားမယ်လို့ ပြောပါတယ်။

“ဒီလက်ပံတောင်းတောင်ကြေးနီစီမံကိန်း စလုပ်ကတည်းက ဦးပိုင်နဲ့ ၀မ်ပေါင်ကုမ္ပဏီဘက်က မတရားမှု တွေ နဲ့ပဲ သူတို့က စလုပ်တာလေ။ အဲဒီပေါ်မှာ ဒေသခံတွေက ဆန့်ကျင်တယ် ပေါ့။ အဲဒီအတွက် ဒေသ ခံတွေဘက်ကလည်း သူတို့ရဲ့ လယ်ယာမြေမှာ သူတို့ ထွန်ယက်ဖို့ အတွက် တရားမျှတတဲ့ တိုက်ပွဲဝင် တာပေါ။ အဲဒီအတွက်တော့ သူတို့ဘာသူတို့ ဘယ်ပုဒ်မနဲ့ပဲ စွဲစွဲ ညီမ အပါအ၀င် ဒေသခံတွေအားလုံးမှာ လည်း အပြစ်တော့ မရှိဘူးပေါ့။  စွဲထားတဲ့ ပုဒ်မတွေ ဟာလည်း မတရားစွဲထားတဲ့ ပုဒ်မလို့ပဲ မြင်ပါတယ်။”

မန္တလေးတက္ကသိုလ် ပထမနှစ်  မြန်မာစာဘာသာရပ်အထူးပြု တက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးကို  လက်ပံတောင်းတောင်မှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ် သက်ခဲ့တယ်လို့ စွပ်စွဲပြီး ပြီးခဲ့တဲ့လပိုင်းတွေက ပြန်ပြေးဆွဲမှု  ပုဒ်မ ၃၆၈/၃၆၄ တွေနဲ့   ဖမ်းဆီး တရားစွဲဆိုခဲ့ ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့  ပဉ္စမမြောက် တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ၀မ်ပေါင် ကုမ္ပဏီရဲ့ စီမံကိန်း တာဝန်ခံ ဦးလှစိန်က တရားသူကြီးထံကို အမှု ရုပ်သိမ်းလွှာ တင်သွင်းခဲ့တဲ့ အတွက် အမှုကနေ တရားရှင် ပြန်လွတ်လာခဲ့ ပါတယ်။

DVB

No comments:

Post a Comment

My Blog List