Friday, November 07, 2014

အနုပညာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုသတ်တာမျိုး လုံးဝလက်မခံနိုင်ပါဘူး ဆိုလိုက်တဲ့ မေမြင့်မိုရ်

   
အနုပညာခြေလှမ်း ခပ်စိပ်စိပ်လျှောက်လှမ်းလာခဲ့သူ မေမြင့်မိုရ်ဟာ ပရိသတ်တွေ အားပေးလက်ခံလာတဲ့ အသစ်တွေထဲက တစ်ယောက်ဆိုပေမယ့် သူမတတ်အားသမျှ အစွမ်းကုန်ကြိုးစားလာသူတစ်ယောက်ပါ။ ခုဆိုရင် ဘယ်ရည်းစားကို အချစ်ဆုံးလဲ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးသွားသူမို့ အဲ့ဒီက ရရှိ လာတဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး မေးဖြစ်ကြည့်တဲ့အခါ “ညီမ ရိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ် ကားကြီး တွေထဲမှာ မှော်ကျောက်စာ ပြီးရင် ဘယ်ရည်းစားကို အချစ်ဆုံးလဲက ဒုတိယမြောက်ရုပ်ရှင် ဇာတ် ကား ပေါ့။ 

ဘယ်ရည်းစားကို အချစ်ဆုံးလဲမှာ ညီမက တက်သစ်စ မော်ဒယ်လ်၊မင်းသမီးတစ်ယောက် အဖြစ် သရုပ် ဆောင်ထားပါတယ်။ တကယ်လည်း လုပ်ကွက်ရတယ်။ ညီမ သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာ လည်းဖြစ် လို့ပါ။ ညီမက ဒရာမာကားတွေ ရိုက်ရတာ ပိုကြိုက်တယ်။ အခုနောက်ပိုင်း ကမ်းလှမ်း လာတာကလည်း အချစ်၊ ဒရာမာလေးတွေ များတယ်လေ။ အဲဒါကြောင့် လက်ခံဖြစ်တာပါ။”လို့ သူမက ပြောပါတယ်။

ပန်းနုသွေးကားမှာ သရုပ်ဆောင်ရတာ အားအရဆုံးလို့ ဆိုလာတဲ့သူမက “အဲဒီ့ထဲမှာ ငိုတာကအစ၊ ဘယ်လို အိုက်တင်ပဲဖြစ်ဖြစ် မရမချင်းကို သရုပ်ဆောင်ခဲ့တာပေါ့။ Season 1 ထက် ပိုအားရတယ်။ Season1 မှာတုန်းက ကိုယ်က အသစ်တစ်ယောက်ဖြစ်တယ်လေ။ Season 2ကျတော့ အတွေ့အကြုံ ရလာပြီလို့ ပြောလို့ရပါတယ်။ အရမ်းကြီး perfect တော့ မဖြစ်သေးပေမယ့် ကိုယ့်ကိုကိုယ် အကောင်းဆုံး ဖြစ်အောင်လို့ အများကြီး ကြိုးစားထားလို့ပါ။ ဒီလိုပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ထားတဲ့ စိတ်ချင်း မတူကြပါဘူး။ အသစ်ဆိုရင် လိုလားတဲ့သူရှိသလို၊ မလိုလားတဲ့သူလည်း ရှိပါတယ်။ တစ်ချို့က အသစ်တွေ ကို ဆွဲခေါ်ချင်ကြတယ်။ တစ်ချို့ကျတော့ တောက်ချချင်ကြတာပေါ့။ တက်သစ်စ ဆိုတော့ အဲဒီ့ဒဏ်တွေကို ခံနိုင်ရမှာပေါ့နော်။ ဒါပေမယ့်လည်း အသစ်တစ်ယောက်ရဲ့ ခံနိုင်ရည်အား ရှိသင့်သလောက်ပဲ ခံနိုင်ပါတယ်။ ခံနိုင်ရည်အား မရှိတော့လည်း ပြသနာလေးတွေ ဖြစ်သွားတာပေါ့”တဲ့။

မကြားသေးခင်အချိန်တုန်းက ကြားလိုက်ရတဲ့ သူမနဲ့ ထုတ်လုပ်သူတစ်ဦးနဲ့ ပြသနာကိုမေးကြည့်လိုက်တော့ “ညီမ အဲဒီ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောချင်တော့ပါဘူး။ အဲဒီ့တော့ နောင်လာမယ့် မော်ဒယ်လ်၊ မင်းသမီးတက်သစ်စတွေ ကြုံတတ်တယ်ဆိုတာ သတိထား သင့်တယ်ပေါ့နော်။ 

ညီမက ငယ်ငယ်ကတည်းက လူတိုင်းအပေါ်မှာ ဖြူဖြူစင်စင်ပဲ ဆက်ဆံခဲ့တာပါ။ ညီမ အရင်ကတည်းက အနုပညာကို အရမ်းတန်ဖိုးထားတယ်။ အဲဒါကြောင့်ညီမကို အနုပညာနဲ့ ပတ်သက်ပြီး သတ်တာမျိုးကိုညီမ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး။ 

ညီမ အနုပညာ အလုပ်တွေ လုပ်တဲ့အခါမှာ အနုပညာကြေးရလို့ လုပ်တာတွေရှိသလို၊ ခင်မင်မှုအရ မယူပဲ လုပ်ပေးတာတွေ ရှိပါတယ်။ ဘယ်အလုပ်ဖြစ်ဖြစ် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အနုပညာနဲ့ပတ်သက်လာ
ရင်တော့ ကိုယ့်ဘက်က အမြဲဖြူဖြူစင်စင်နဲ့ perfect ဖြစ်အောင်လို့ လုပ်ပေးခဲ့ပါတယ်။ အနုပညာအလုပ်ကို ညီမဘယ်လောက် တန်ဖိုးထားတယ်ဆိုတာကို ညီမနဲ့ အလုပ်လုပ်ဖူးတဲ့ သူတိုင်း သိပါတယ်။ 

ဒါပေမယ့် အခုတော့ ကိုယ့်စိတ်နဲ့ မတူတဲ့လူမျိုးရှိတယ် ဆိုတာ သိသွားတာပေါ့။ သင်ခန်းစာရသွားတာပေါ့။ လူတိုင်းကို ကိုယ့်စိတ်နဲ့တော့ မဆက်ဆံသင့်တော့ပါဘူး။ ဖြစ်ပျက်ပြီးသွားတဲ့ကိစ္စ ပြန်ပြီး ခေါင်းထဲ မထား
တတ်တော့ပါဘူး။ ဘာမှလည်းမပြောချင်တော့ပါဘူး။”လို့ ဆိုသွားပါတယ်။

Trend Myanmar

No comments:

Post a Comment

My Blog List