Wednesday, November 05, 2014

အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်နိုင်သည့် အခြေအနေကြောင့် အိန္ဒိယ စစ်သင်္ဘောများ ဆိပ်ကမ်းမှခွာ


အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားလာနိုင်သည်ဆိုသည့် သတင်းကြောင့် အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တား ဆိပ်ကမ်းရှိ စစ်သင်္ဘောနှစ်စီး ကမ်းကပ်ထားရာမှ ထွက်ခွာသွားကြောင်း သိရသည်။ အိန္ဒိယ ရေတပ်က အရေးပေါ် ဦးစားပေးအဆင့် စစ်ဆင်ရေးဆိုင်ရာ အကြောင်းပြချက်ကြောင့် စစ်သင်္ဘောများ ကမ်းမှခွာ သွားခြင်းဟု ကြေညာသော်လည်း ဆိပ်ကမ်း အာဏာပိုင်များက အကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပေါ် လာနိုင်ကြောင်း ယုံကြည်ရလောက်သည့် သတင်းကြောင့်ဟု ဆိုသည်။

အဆိုပါ သင်္ဘောနှစ်စီးသည် ရေတပ် စစ်ရေးပြ အခမ်းအနား တစ်ရပ်တွင် နိုဝင်ဘာ (၅)ရက်၌ ပါဝင်ကြရန် စီစဉ်ထားသော်လည်း ယင်းမတိုင်မီ တစ်ရက်တွင် ဆိပ်ကမ်းကို စွန့်ခွာခဲ့ခြင်း ဖြစ်သည်။ “ပထမတော့ သင်္ဘောတွေက ရေတပ် စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုအတွက် ပါဝင်မလို့ပါ။ ဒါပေမဲ့ စစ်ဆင်ရေး ဆိုင်ရာ ဦးစားပေး အကြောင်းကိစ္စတချို့ ပေါ်လာလို့ ခုလို ထွက်ခွာခဲ့တာ ဖြစ်ပါတယ်”ဟု ရေတပ် ပြောရေး ဆိုခွင့်ရ အရာရှိ ဒီကေ ရှာမားက ပြောကြားခဲ့သည်။

အိန္ဒိယ ရဲတပ်ဖွဲ့နှင့် ကမ်းခြေစောင့် တပ်တို့က ကိုလ်ကတ္တားမြို့နှင့် ဆိပ်ကမ်းတို့တွင် အကြမ်းဖက် တိုက် ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ခြေ သတ်မှတ်ချက်ကို အဆင့်မြှင့်တင် သတ်မှတ်ထားကြောင်း သိရသည်။ “ထောက်လှမ်းရေး ဌာနက သတိပေးချက်တစ်ခု ရောက်လာပါတယ်။ ကိုးလ်ကတ္တားမှာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပေါ်လာနိုင်ခြေအတွက် တပ်လှန့်ထားတာပါ။ အထူးသဖြင့် ဆိပ်ကမ်း ဧရိယာ တစ်ဝိုက် မှာပါ”ဟု ကမ်းခြေစောင့် တပ်ဖွဲ့မှ အရာရှိ တစ်ဦးဖြစ်သည့် ဘီအန် မာဟာတိုက ဆိုသည်။ ထို့အပြင် ဘင်္ဂလား ပင်လယ်အော်ရှိ ဆိပ်ကမ်းအချို့တွင်လည်း ကမ်းခြေစောင့်တပ်က ရှပ်ပြေးယာဉ်များ စေလွှတ်ကာ လုံခြုံရေးမြှင့်တင် စောင့်ကြပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အိန္ဒိယနယ်စပ်အနီး ပါကစ္စတန်ပိုင်နက် နယ်မြေတွင် အသေခံ ဗုံးခွဲမှုတစ်ခု ဖြစ် ပွားပြီး လူ(၅၅)ဦး သေဆုံးကာ (၁၂၀)ကျော် ဒဏ်ရာရခဲ့သည့် ဖြစ်ရပ်နှင့် ယခု အကြမ်းဖက်မှု သတိပေး ချက်တို့ကြား ဆက်စပ်မှု ရှိ၊ မရှိ တိတိကျကျ မသိရသေးချေ။ အယ်လ်ကိုင်ဒါ အကြမ်းဖက် တပ်ဖွဲ့က မိမိတို့သည် အာရှတောင်ပိုင်းတွင် အဖွဲ့ခွဲတစ်ခု တည်ထောင် လှုပ်ရှားနေကြောင်း ကြေညာပြီး စက်တင် ဘာ နောက်ပိုင်း၌ အိန္ဒိယရှိ ပြည်နယ်အချို့တွင် အကြမ်းဖက် တိုက်ခိုက်နိုင်ခြေ သတိပေးချက်များ ထုတ်ပြန်ထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List