လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘန်ကောက်မြို့မှာ မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့၊ စွပ်စွဲခံ တရားခံများရဲ့မိဘတွေနဲ့အတူ ထိုင်းရဲ့တပ်ဖွဲ့ကို မျက်နှာချင်းဆိုင်ရှင်းလင်းဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင် ကဖိတ်ကြားခဲ့ပေမယ့် ထိုင်းရဲတပ်ဖွဲ့က တက်ရောက် လာခဲ့ခြင်း မရှိပါဘူး။
ရှင်းလင်းပွဲကို ဘန်ကောက်မြို့ ထိုင်းလူ့အခွင့်အရေး ကော်မရှင်ရုံးမှာ ဒီကနေ့မွန်းလွဲတနာရီကစ ပြုလုပ်နေ တာဖြစ်ပြီး ရဲတပ်ဖွဲ့အနေနဲ့ အခုလိုပျက်ကွက်တာ နှစ်ကြိမ်ရှိပြီလို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ Dr. Nirun Pitakwatchara သတင်းထောက်တွေကိုပြောပါတယ်။
ဧရာဝတီ
No comments:
Post a Comment