Friday, November 07, 2014

လစ်ဗျား တူဗဟုမြို့ ပါလီမန်ကို ဖျက်သိမ်း


လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော်ကနေ တိုက်ပွဲတွေကြောင့် ပြောင်းရွှေ့သွားတဲ့ ပါလီမန်ကို တရားမ၀င်လို့ ဖျက်သိမ်းလိုက်ကြောင်း ထရီပိုလီမြို့တော် ဗဟိုတရားရုံးက နိုဝင်ဘာ ၆ ရက်နေ့မှာ ကြေညာပါတယ်။ကုလ သမဂ္ဂအပါအ၀င် နိုင်ငံတကာက ထောက်ခံထားတဲ့ အရင်လစ်ဗျားပါလီမန်ဟာ ထရီပိုလီမြို့တော်တိုက် ပွဲတွေ ပြင်းထန်ချိန် ပြီးခဲ့တဲ့ ဇွန်လက နိုင်ငံအရှေ့ပိုင်းက တူဗဟုမြို့မှာ ပြောင်းရွှေ့ ဖွဲ့စည်းခဲ့တာပါ။

ဗဟိုတရားရုံးရဲ့ကြေညာချက်ကို အစိုးရနဲ့ပြိုင်ဘက်သူပုန်တွေက ထောက်ခံကြိုဆိုခဲ့ကြပေမယ့် နဂိုကတည်း က အပိုင်းပိုင်းကွဲနေတဲ့ လစ်ဗျားနိုင်ငံကို ပိုပြီးအခြေအနေ ဆိုးသွားစေမယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ဆိုပါတယ်။

လစ်ဗျားနိုင်ငံမှာ ပြိုင်ဘက်အစိုးရနှစ်ရပ်က မြို့ကြီးနှစ်ခုကနေ အုပ်ချုပ်နေကြတာဖြစ်ပြီး ရှေးရိုးစွဲ မွတ်စလင် ၀ါဒနဲ့ ထရီပိုလီအစိုးရနဲ့ အီဂျစ်နိုင်ငံနဲ့ နီးကပ်တဲ့ တူဗဟုမြို့က အလယ်အလတ် မူလလက်ဟောင်း အစိုးရ ဆိုပြီး ကွဲပြားနေတာပါ။

တူဗဟုမြို့က လစ်ဗျားပါလီမန်အမတ်တဦးကတော့ သူပုန်တွေ သေနတ်မိုးပြီး ထုတ်ပြန်ခိုင်းတဲ့ ဥပဒေကို တော့ လက်မခံနိုင်ဘူးလို့ ပြောဆိုပါတယ်။

၂၀၁၁ ခုနှစ်က အာဏာရှင် ကဒါဖီကို ဖြုတ်ချခဲ့တဲ့ လစ်ဗျားရောင်စုံသူပုန်တွေ အခုအချိန်အထိ ဘယ်သူက ဘယ်သူ့ကိုမှ အလွှမ်းမိုးမခံတာကြောင့် ညီညွတ်တဲ့ လစ်ဗျားအစိုးရ ဘယ်လိုမှ ဖွဲ့လို့ မရနိုင်သေးတာလည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List